၂၀၂၃ခုနှစ် “တရုတ်နိုင်ငံအကြောင်း လေ့လာသိရှိခြင်း” နိုင်ငံတကာ အစည်းအဝေး ကျင်းပပြီးစီး

(GMT+08:00)2023-12-04 16:36:42  

ဒီဇင်ဘာလ ၃ ရက်နေ့က ၂၀၂၃ ခုနှစ် “တရုတ်နိုင်ငံအကြောင်း လေ့လာသိရှိခြင်း” နိုင်ငံတကာအစည်းအဝေးကို တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် ကျင်းပပြီးစီးခဲ့ပါသည်။ ယခုအကြိမ် အစည်းအဝေးကို နိုင်ငံနှင့်ဒေသ ၃၀ ကျော်မှ ဧည့်သည်တော် ၆၀၀ ကျော် တက်ရောက်ခဲ့ကြပြီး တရုတ်ပုံစံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးသည် ကမ္ဘာ့နိုင်ငံများအတွက် အပြုသဘော ဆောင်သော သက်ရောက်မှုများကို သိရှိနားလည်စေရန် တရုတ်ပြည်၏ အကြောင်းဇာတ်လမ်းများကို ပြည်တွင်းပြည်ပ ပရိသတ်များအား မိတ်ဆက်ပေးခဲ့ပါသည်။ ယင်းပလက်ဖောင်းသည် ကမ္ဘာ့နိုင်ငံများက တရုတ်ပြည်ကို ပိုမို သိရှိနားလည် စေရန်နှင့် တရုတ်ပြည်က ကမ္ဘာ့နိုင်ငံများကို ပိုမို သိရှိနားလည်စေရန်အတွက် အကျိုးပြု စွမ်းဆောင်သည်ဟု အစည်းအဝေးတက်ရောက်သူများက ယူဆကြပါသည်။