ရှီကျင့်ဖိန်သည် ၂၀၂၃ ခုနှစ် ဆုံတူး နိုင်ငံတကာဖိုရမ်သို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2023-12-04 11:44:42  

ဒီဇင်ဘာလ ၄ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၃ ခုနှစ် ဆုံတူး နိုင်ငံတကာဖိုရမ်သို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

  ယင်းသဝဏ်လွှာတွင် ရှီကျင့်ဖိန်က မကြုံစဖူးသော ကမ္ဘာကြီး ပြောင်းလဲမှု၊ ခေတ် ပြောင်းလဲမှုနှင့် သမိုင်းဝင် ပြောင်းလဲမှုများကို ရင်ဆိုင်လျက် လူသားများသည် စည်းလုံးညီညွတ်ပြီး အပြန်အလှန် လေ့လာသင်ယူခြင်း၊ တံခါးဖွင့်ပြီး အားလုံး ပါဝင်ခြင်းနှင့် အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ လူသားတစ်ရပ်လုံး၏ ဘုံတန်ဖိုးများကို ထုတ်ဖော်ပြီး ပိုမို သာယာသော ကမ္ဘာကြီးကို လက်တွဲ တည်ဆောက်ရမည် ဖြစ်ကြောင်း၊ ဧည့်သည်တော်များ အနေနှင့် တကယ်စင်စစ်သော ဘက်ပေါင်းစုံဝါဒကို လက်တွေ့ကျ ဖော်ဆောင်ရန်အတွက် အားပေးပြီး လူသားကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်မှု တွန်းအားပေးရေးအတွက် အကျိုးပြုစွမ်းဆောင်ရန် မျှော်လင့်ကြောင်း ဖော်ပြထားပါသည်။

  ၂၀၂၃ ခုနှစ် ဆုံတူး နိုင်ငံတကာဖိုရမ်ကို ဒီဇင်ဘာလ ၄ ရက်နေ့က ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့၌ ဖွင့်လှစ်ခဲ့ပြီး ဖိုရမ်၏ ဆောင်ပုဒ်သည် ဘက်ပေါင်းစုံဝါဒ - ပိုမိုများပြားသော ကူးလူးဖလှယ်မှု၊ ပိုမိုများပြားသော သက်ညှာထောက်ထားမှု၊ ပိုမို များပြားသော ပူးပေါင်း ဆောင်ရွက်မှု ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။