ကျန်းစူးပြည်နယ် Suqianမြို့ Hongze ရေကန် စိမ့်မြေ၌ သောင်းနှင့်ချီသော ငှက်များ စုစည်း

(GMT+08:00)2023-12-04 16:32:12  

  

ဒီဇင်ဘာလ ၂ရက်နေ့က ကျန်းစူးပြည်နယ် Suqianမြို့ Hongze ရေကန် စိမ့်မြေ နိုင်ငံတော်အဆင့် သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးဇုန်၌ သောင်းနှင့်ချီသောငှက်များ စုစည်းရောက်ရှိလာပါသည်။ Hongze ရေကန် စိမ့်မြေ သဘာဝ ထိန်းသိမ်း စောင့်ရှောက်ရေးဇုန်သည် တရုတ်မိုပေါင်း ၇သိန်း ၅သောင်း ကျယ်ဝန်းပါသည်။ ယခုနှစ်များတွင် ဂေဟပတ်ဝန်းကျင် ဆက်တိုက်ကောင်းမွန်လာသည်နှင့်အမျှ ငှက်အမျိုးအစားများ တစ်နှစ်ထက်တစ်နှစ် တိုးလာကာ အမျိုးပေါင်း ၂၃၀အထိ တိုးလာပါသည်။ နှစ်စဉ်ဆောင်းရာသီတွင် ဒီနေရာကို လာရောက်ကြသော ရွှေ့ပြောင်းငှက် အကောင်ရေ ၅သိန်းကျော်ရှိပါသည်။