နှလုံးဆီမီးထွန်းညှိ၍ တူယှဉ်တွဲသော ဘုံကြမ္မာ - ၂၀၂၃ ခုနှစ် လန်ချန်း-မဲခေါင်မြစ်ဝှမ်း ဗုဒ္ဓဘာသာနှီးနှောဖလှယ်ပွဲအား ယူနန် ပြည်နယ် စစ်ဆောင်ပန္နားမှာ ကျင်းပ

(GMT+08:00)2023-12-04 19:37:03  

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် တရုတ်နိုင်ငံဗုဒ္ဓဘာသာအသင်းမှ ကြီးမှူးပြီး ယူနန်ပြည်နယ် ဗုဒ္ဓဘာသာအသင်းမှ ကူညီပူးပေါင်းဆောင်ရွက်သော စစ်ဆောင်ပန္နားဗုဒ္ဓဘာသာအသင်း မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော ၂၀၂၃ ခုနှစ် လန်ချန်း-မဲခေါင်မြစ်ဝှမ်း ဗုဒ္ဓဘာသာနှီးနှောဖလှယ်ပွဲကို ယူနန်ပြည်နယ် စစ်ဆောင်ပန္နားမြို့မှာ ကျင်းပခဲ့ပါတယ်။ ဤနှီးနှောဖလှယ်ပွဲကို “နှလုံး ဆီမီးထွန်းညှိ၍ တူယှဉ်တွဲသော ဘုံကြမ္မာ” ဆိုတဲ့ခေါင်းစဉ်ဖြင့် တရုတ်၊ ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် သီရိလင်္ကာ ၇ နိုင်ငံတို့မှ ဗုဒ္ဓ ဘာသာဝင် ကိုယ်စားပြုနှင့် ဧည့်သည်တော်ကိုယ်စားလှယ်ပေါင်း အယောက် ၁၀၀ ကျော် တက်ရောက်ခဲ့ကြပြီး “ ‘ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု’ တည်ဆောက်မှုတွင် ‘ထေရဝါဒဗုဒ္ဓဘာသာ’ မည်သို့အကျိုးသက်ရောက်ရန်” ၊ “လန်ချန်း-မဲခေါင်မြစ်ဝှမ်း ဗုဒ္ဓဘာသာသည် ပညာရေးဖလှယ်ခြင်းနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့တွင် မည့်သို့လုပ်ဆောင်ရန်” ၊ “ပါဠိပိဋကတ်သုံးပုံ ဂန္တဝင် ဘာသာပြန်ဆိုမှု စီစစ်မှုနှင့်အချက်အလက်တည်ဆောက်မှုအကြောင်း မျှဝေ ဖလှယ်ဆွေးနွေးရန်” စတဲ့ အကြောင်းအရာကြီး ၃ ခုတို့ကို နက်နက်ရှိုင်းရှိုင်း ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။ တက်ကြွစွာ ဆွေးနွေးအကြုံပြုခဲ့ကြပြီး ဗုဒ္ဓဘာသာရဲ့ လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသရှိ နိုင်ငံများအကြား ချိတ်ဆက်ပေး သော အကျိုးသက်ရောက်မှုအား အပြည့်အဝအသုံးချကာ ယင်းမြစ်ဝှမ်းဒေသ နိုင်ငံအသီးသီးရဲ့ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်နှင့် ပြည်သူချင်း ဆက်ဆံရေး တို့ကို ကူညီအားပေးမြှင့်တင်ခဲ့ပါတယ်။
လန်ချန်း-မဲခေါင်မြစ်ဝှမ်း ဗုဒ္ဓဘာသာနှီးနှောဖလှယ်ပွဲဟာ ၂၀၂၁ ခုနှစ်မှာ စတင်ကျင်းပခဲ့ပြီးနောက်ပိုင်းတွင် အပြုသဘောဆောင်သော အကျိုးရလဒ်များ ရရှိခဲ့ပါတယ်။ လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသရှိ နိုင်ငံအသီးသီးနှင့် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံအသီးသီးရှိ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းက ဗုဒ္ဓဘာသာကို ပလက်ဖောင်းအဖြစ် ထားကာ ဗုဒ္ဓဘာသာ ချစ်ကြည်ရေးဖလှယ်မှု၊ ဒေသတွင်း ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်ရန် ဆန္ဒများနဲ့ ဆုံးဖြတ်ချက်တို့ကို ပြသထားပါတယ်။ ၃ နှစ်တာအတွင်းမှာ နိုင်ငံအသီးသီးက ဗုဒ္ဓဘာသာအသိုင်းအဝိုင်းများ အွန်လိုင်းမှာရော အော့ဖ်လိုင်းမှာပါ ပွင့်လင်းစွာ ဆက်ဆံဖလှယ်ကာ တရားဓမ္မ ချစ်ကြည်ရေး ဆွေးနွေး၍ စည်းလုံးညီညွတ်စွာ ပူးပေါင်းခဲ့ကြပြီး ကရုဏာ စေတနာ နှလုံးဆီမီးကို ထွန်းညှိခဲ့ကြပါတယ်။ ဒေသတွင်း ဗုဒ္ဓဘာသာ ဆက်ဆံ ဖလှယ်ရေးရဲ့စံနမူနာသစ် ဖြစ်လာခဲ့ပြီး လူသားအနာဂတ်ဘုံကံကြမ္မာအား အတူ တည်ဆောက်သော လက်တွေ့လုပ်ဆောင်ချက်များကို ကူညီတွန်းအားပေးခဲ့ ပါတယ်။
လန်ချန်းမြစ်ရေစီးကြောင်း မပြတ်သရွေ့၊ မဲခေါင်မြစ်ဝှမ်းချစ်ကြည်ရေး ရေရှည်တည်တံ့မြဲစေမည်။ လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသရှိ နိုင်ငံအသီးသီးမှ ပြည်သူလူထုများဟာ တစ်ရေတည်းသောက်သုံးတဲ့အတွက် အပြန်အလှန် ချစ်ခင်ရင်းနှီးကြပြီး တူညီထပ်တူကျသော ယုံကြည်ကိုးကွယ်မှုများ မျှဝေခံစား တဲ့အတွက် စိတ်နှလုံးသားချင်း ချိတ်ဆက်ထားကြပါတယ်။