ကမ္ဘာကျော်ပညာရှင် ဟွမ်လန်ဝေ ဟင်နရီ ကစ်ဆင်ဂျာ (Henry Kissinger) ကွယ်လွန်ခြင်းဟာ နိုင်ငံတကာဆက်ဆံရေးကို ခေတ်သစ် ဖော်ထုတ်ရန် လှုံ့ဆော်ပေးခဲ့

(GMT+08:00)2023-12-04 19:38:10  

China Institute for Innovation & Development Strategy မှ အထူး ဖိတ်ကြားသော ဒုတိယဥက္ကဋ္ဌ ၊ ဖုတန့်တက္ကသိုလ် “ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု” နှင့် ကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်ရေးသုတေသနဌာန လက်ထောက်ဌာနမှူး ပါမောက္ခ ဟွမ်လန်ဝေ သည် China Media Group၏ Asian & Africa Languages Programming Center မှ သတင်းထောက်နှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်းတွင် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဟင်နရီ ကစ်ဆင်ဂျာ (Henry Kissinger) ဟာ ခေတ်တစ်ခေတ်ကို ကိုယ်စားပြုခဲ့ကြောင်း၊ သို့ပေမဲ့ သူ့ရဲ့ကွယ်လွန်ခြင်းဟာ ထိုခေတ်ကို ပြန်လည်ယူဆောင်သွားခြင်းမရှိဘဲ နိုင်ငံတကာ ဆက်ဆံရေးကို ခေတ်သစ်ဖော်ထုတ်သွားဖို့ လှုံ့ဆော်အားပေးခဲ့တာဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။
အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဟင်နရီ ကစ်ဆင်ဂျာသည် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ကွယ်လွန်အနိစ္စရောက်ခဲ့ပြီး “Understanding China“ နိုင်ငံတကာအစည်းအဝေးပွဲတွင် မိန့်ခွန်းတက်ရောက်ပြောကြားသူအများအပြားဟာ သူ့အကြောင်းကို ပြောခဲ့ကြပြီး သူ့ကို အောက်မေ့သတိရခဲ့ကြပါတယ်လို့ ဟွမ်လန်ဝေက ဖော်ပြသွားခဲ့ပါတယ်။ မစ္စတာ ဟင်နရီ ကစ်ဆင်ဂျာက ကမ္ဘာ့ဗျူဟာမြောက် တည်ငြိမ်ရေးကို အမြဲတမ်း ဂရုစိုက်နေခဲ့ပြီး သဘောထားကြီးသော အမြင်ကျယ်သော ကမ္ဘာ့ခေါင်းဆောင် စွမ်းရည် ရှိလာဖို့ကို မျှော်လင့်ခဲ့ပါတယ်။ သူက တရုတ်ပြည်သူများရဲ့မိတ်ဆွေဟောင်းဖြစ်ခဲ့ ပြီး တရုတ်နိုင်ငံကို အကြိမ် ၁၀၀ ကျော် သွားရောက်လည်ပတ်ခဲ့ဖူးပါတယ်။ ဒီလို သွားရောက်တဲ့အခါတိုင်းမှာလည်း အကျိုးသစ်တွေ ရရှိခဲ့ပါတယ်လို့ သူက မကွယ်လွန်ခင်မှာ ပြောသွားခဲ့ပါတယ်။
မစ္စတာ ဟင်နရီ ကစ်ဆင်ဂျာရဲ့ကွယ်လွန်ခြင်းဟာ ခေတ်တစ်ခုကို ပြန်လည်ယူဆောင် သွားခြင်းမရှိဘဲ နိုင်ငံတကာဆက်ဆံရေးကို ခေတ်သစ်တစ်ခု ထပ်မံဖော်ထုတ်သွားရန် အားပေးလှုံ့ဆော်ခဲ့တယ်လို့ ဟွမ်လန်ဝေက ယူဆပါတယ်။ ”မစ္စတာ ဟင်နရီ ကစ်ဆင်ဂျာ ပြောခဲ့သလိုမျိုးပါပဲ။ ပြဿနာတွေဘယ်လောက်ပဲများများ၊ တံခါးမကြီးကို ဖွင့်လှစ်ပြီး မေးမြန်းပြောဆိုကြည့်ရင်းတော့ အခက်အခဲကို ဖြေရှင်းနိုင်တဲ့ ထွက်လမ်းတစ်ခုကို ကျွန်တော်တို့ ရှာတွေ့နိုင်မှာပါ။”
အနာဂတ်ကို ဦးတည်ပြီး နိုင်ငံတကာ မဟာဗျူဟာရပ်ဝန်းက ပိုမိုကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေကို ဖော်ထုတ်ပြသသွားနိုင်ဦးမယ်ဆိုတာ ယုံကြည် ပါတယ်လို့ ဟွမ်လန်ဝေက ဖော်ပြသွားခဲ့ပါတယ်။

တရုတ်ပြည်သူများရဲ့မိတ်ဆွေဟောင်း မိတ်ဆွေကောင်းအနေဖြင့် ဟင်နရီ ကစ်ဆင်ဂျာရဲ့ဘဝတစ်လျှောက်မှာ တရုတ်နိုင်ငံကို အကြိမ်ပေါင်း ၁၀၀ ကျော် လာရောက်ခဲ့ပါတယ်။ ယခုနှစ် ဇူလိုင်လမှာ အသက် ၁၀၀ ရှိပြီဖြစ်တဲ့ ဟင်နရီ ကစ်ဆင်ဂျာဟာ တရုတ်နိုင်ငံကို နောက်ဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။