ရှီကျင့်ဖိန်သည် ဘီလာရုစ် သမ္မတ လူကာရှင်ကိုနှင့် တွေ့ဆုံ

(GMT+08:00)2023-12-04 16:20:16  

   

    ဒီဇင်ဘာလ ၄ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း တျောက်ယူထိုင် နိုင်ငံတော် ဧည့်ဂေဟ၌ ဘီလာရုစ် သမ္မတ လူကာရှင်ကိုနှင့် တွေ့ဆုံခဲ့ပါသည်။

   ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် တရုတ်နှင့် ဘီလာရုစ် ဆက်ဆံရေးကို အစဉ်တစိုက် မဟာဗျူဟာမြောက် သဘောထားပြီး ဘီလာရုစ်က ကိုယ့်နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေး လမ်းကြောင်း လျှောက်လှမ်းခြင်းကို ပြတ်ပြတ်သားသား ထောက်ခံကာ ပြင်ပမှ အင်အားစုများက ဘီလာရုစ်၏ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်းကို ဆန့်ကျင်ကြောင်း၊ တရုတ်နိုင်ငံသည် ဘီလာရုစ်နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် အားဖြည့်ပြီး အပြန်အလှန် အားပေးထောက်ခံခြင်းကို ပိုမို ခိုင်ခံ့အောင် ဆောင်ရွက်ကာ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေး၍ နှစ်ဖက် ဆက်ဆံမှု ဆက်တိုက် နက်ရှိုင်းလာ အောင် ဆောင်ရွက်လိုပါကြောင်း ပြောကြားခဲ့ပါသည်။

  လူကာရှင်ကိုက ဘီလာရုစ်သည် တရုတ်နိုင်ငံ ဆက်လက် ဖွံ့ဖြိုးတိုးတက်ပြီး အားကောင်းလာရန် စိတ်ရင်းမှန်ဖြင့် မျှော်လင့်ကြောင်း၊ ယင်းသည် တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိမည် ဖြစ်ကြောင်း၊ ဘီလာရုစ်သည် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရေး ဆက်ဆံမှုကို ဦးလည်မသုန် တိုးမြှင့်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

  နှစ်ဦးနှစ်ဖက်တို့သည် ယူကရိန်း အကျပ်အတည်း အပါအဝင် ကိစ္စရပ်များနှင့် ပတ်သက်၍လည်း အမြင်ချင်း ဖလှယ်ခဲ့ကြသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။