ဂါဇာဒေသ၌ ဘေးကင်းလုံခြုံသည့်နေရာ မရှိဟု ဒေသခံများဆို

(GMT+08:00)2023-12-04 16:44:36  

အစ္စရေးနှင့် ဟားမတ်စ် အကြား ယာယီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်သည် ဒီဇင်ဘာလ ၁ ရက်နေ့က သက်တမ်းပြီးဆုံးခဲ့ပြီးနောက် နှစ်ဖက်အကြား တိုက်ခိုက်မှုများ ပြန်လည် ဖြစ်ပွားလာခဲ့သည်။ ဇာဂါဒေသ တောင်ပိုင်း Khan Younisမြို့နှင့် အနီးတဝိုက် ဒေသများသည် အစ္စရေးတပ်ဖွဲ့မှ ဗုံးကြဲတိုက်ခိုက်မှုများ ခံခဲ့ရသည်။ အစ္စရေး စစ်တပ်က ယင်းဒေသရှိ ပါလက်စတိုင်းလူမျိုးများအား Rafa သို့ ထွက်ခွာရန် ကြေညာချက်ထုတ် ခဲ့ပါသည်။

  ယင်းကိစ္စနှင့်ပတ်သက်ပြီး  ဂါဇာဒေသမြောက်ပိုင်းမှထွက်ခွာပြီး  Khan Younisမြို့ သို့ ရောက်ရှိခဲ့သည့် ပါလက်စတိုင်းလူမျိုး တော်တော်များများသည် ဘာမှမတတ်နိုင် ဖြစ်နေကြသည်။ ၎င်းတို့က Khan Younisမြို့ တင်မက Rafa သည်လည်း အစ္စရေးစစ်တပ်မှ ဗုံးကြဲတိုက်ခိုက်မှု ခံနေရသဖြင့် ဂါဇာဒေသ၌ ဘေးကင်းလုံခြုံသောနေရာ လုံးဝ မရှိကြောင်း ဖော်ပြခဲ့ကြသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။