၂ ရက်နေ့ ညက ငလျင် လှုပ်ခတ်မှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖိလစ်ပိုင် အမျိုးသား သဘာဝဘေးအန္တရာယ် လျော့ချရေးကောင်စီ ဆို

(GMT+08:00)2023-12-04 16:33:13  

ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဖိလစ်ပိုင် အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေး ကောင်စီက ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ရစ်ခ်ျတာစကေး ၇ ဒသမ ၄ အဆင့်ရှိ ငလျင်တစ်ခု ၂ ရက်နေ့ ညက လှုပ်ခတ်ခဲ့ရာ လူတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ၃ ရက်နေ့နံနက် ၈ နာရီအထိ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် စုစုပေါင်း နောက်ဆက်တွဲငလျင် ၅၄၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ နောက်ဆက်တွဲငလျင်များသည် အချိန်အတန်ကြာ ဆက်လက်တည်ရှိနေမည်ဟု ခန့်မှန်းရသည်။