ဂျာမနီနိုင်ငံ Bavaria တွင် ပြင်းထန်သော ဆောင်းရာသီရောက်လာပြီး ရထားသွားလာမှုကို ဆိုးရွားစွာ ထိခိုက်

(GMT+08:00)2023-12-04 16:29:33  

ဒီဇင်ဘာလ ၃ ရက်နေ့က ဂျာမနီနိုင်ငံ  Bavaria ပြည်နယ် မြူးနစ်မြို့တွင် နှင်းများ ဖုံးလွှမ်းနေသောကြောင့် ဒေသဆိုင်ရာရထားတစ်စီးသည်  အဓိကဘူတာရုံတွင် ရပ်တန့်သွားခဲ့ပါသည်။ Bavariaတွင် ပြင်းထန်သော ဆောင်းရာသီရောက်လာခဲ့ပြီး အဓိကဘူတာရုံမှ ရထားဝန်ဆောင်မှုများ တနင်္ဂနွေ နေ့ နံနက်ပိုင်းထိ ရပ်တန့်နေသေးဟု သတင်းအရသိရပါသည်။