ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် မီးရထားပေါ်တွင် ကလေး မွေးဖွား

(GMT+08:00)2023-12-04 16:40:03  

ဒီဇင်ဘာလ ၁ရက်နေ့က တရုတ်နိုင်ငံ ဟိုနန်ပြည်နယ် Zhengzhou မြို့မှ ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ Urumqi မြို့သို့သွားသော T197 မီးရထားပေါ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် မွေးလရက်မစေ့မီ ကလေးမွေးဖွားရန် လက္ခဏာများ ရုတ်တရက်ပေါ်လာခဲ့ပါသည်။ မီးရထားဝန်ထမ်းများသည် အရေးပေါ်ကိုင်တွယ်ဖြေရှင်းပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအတွက် ဝမ်းဆွဲသည်လုပ်ခဲ့ကြပါသည်။

    မိနစ်၂၀ကျော်ကြာပြီးနောက် ကိုယ်ဝန်ဆောင်အမျိုးသမီးသည် သမီးငယ်လေးကို ချောမောစွာ မွေးဖွားခဲ့ပါသည်။ အခု သမီးငယ်လေး၏ အခြေအနေ ကောင်းမွန်သည်ဟု သတင်းအရ သိရပါသည်။