ထန်မင်းဆက်ခေတ် ကဗျာဆရာကြီး ပိုင်ကျွီးယိ ရေးဖွဲ့ခဲ့သော “ပျူခေတ်တေးကဗျာ” ၊ ဂန္တဝင်နာမည်ကြီးစာပေလေးမျိုးထဲမှ တစ်မျိုးဖြစ်သည့် “အနောက်ဘက်သို့ခရီးသွားခြင်း” ၊ မှန်နန်းရာဇဝင်၊ မင်းသုဝဏ်၏ ကဗျာပေါင်းချုပ် စသဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ စာပေများသည် သဟဇာတရှိစွာယှဉ်တွဲနေသော်လည်း မတူကွဲပြားမှုများရှိကာ အလှတရားချင်း လိုက်လျောညီထွေမှုရှိပြီး ရှည်လျားလှသော အချိန်ကာလကို အတူတကွ ဖြတ်သန်းခဲ့ကြပါသည်။ ထိုသို့ဖြင့် နှစ်နိုင်ငံပြည်သူများ၏ နှလုံးသားထဲတွင် နက်ရှိုင်းသော သမိုင်း၏ခြေရာများကို ချန်ထားရစ်ခဲ့ပါသည်။