အီရန်ကြည်းတပ် စစ်ဦးစီးချုပ်က လက်နက်အသစ် ၃ မျိုးကို ပြသ

(GMT+08:00)2023-12-03 12:31:32  

ဒီဇင်ဘာလ ၂ ရက်နေ့တွင် အီရန်ကြည်းတပ် စစ်ဦးစီးချုပ် Mousavi သည် ရေတပ် သိပ္ပံနှင့်နည်းပညာ အောင်မြင်မှုများ ပြပွဲတွင် လက်နက်အသစ် သုံးမျိုးကို ပြသခဲ့ပါသည်။

ပထမ တစ်မျိုးက အဝေးထိန်း ရေအောက်ယာဉ်ဖြစ်ပြီး ရေအောက် မီတာ ၂၀၀ အနက်အထိ လည်ပတ်နိုင်ကာ တော်ပီဒို အမျိုးမျိုးကို ရှာဖွေဖျက်ဆီးနိုင်ပါသည်။ ဒုတိယတစ်မျိုးက "Chamrosh-4" ဒေါင်လိုက် တက်ဆင်းနိုင်သော ဒရုန်းဖြစ်ပြီး တတိယ တစ်မျိုးက မောင်းသူမဲ့ စမတ်မြေပြင်သင်္ဘော ဖြစ်ပါသည်။