ရှင်ကျင့်မြို့တွင် Meituan ကုမ္ပဏီသည် ဒရုန်းဖြင့် ပါဆယ်ထုပ်ပို့ဆောင်

(GMT+08:00)2023-12-03 10:44:24  

ဒီဇင်ဘာလ ၂ ရက်က ရှင်ကျင့်မြို့ ကမ်းရိုးတန်းစီးတီးတွင် Meituan ကုမ္ပဏီကပို့ဆောင်ရေးဝန်ထမ်းတစ်ဦးသည် ဒရုန်းတစ်စင်းအောက်၌ ပို့ဆောင်ရေးသေတ္တာကို တပ်ဆင်ပြီးနောက်၊ ဒရုန်းသည် ပျံသန်းထွက်ခွာပြီး သတ်မှတ်ထားသောလမ်းကြောင်းအတိုင်း ပါဆယ်ထုပ်များကို Talent ဥယျာဉ် သို့ ပို့ဆောင်ပေးခဲ့ပါသည်။ ဥယျာဉ်ရှိ ခရီးသည်များသည် မိမိ အွန်လိုင်းတွင် မှာယူထားသော ပါဆယ်ထုပ်ကို လျှင်မြန်စွာ လက်ခံနိုင်သည်။ ပေးပို့မှုပြီးပါက၊ ဒရုန်းသည် မူလနေရာသို့ ပြန်လည်ပျံသန်းသည်။