လယ်သမားများသည် ကြာစွယ်ကို ရိတ်သိမ်းပြီး ဈေးကွက်သို့ တင်ပို့ရောင်းချ

(GMT+08:00)2023-12-03 16:16:49  

ဒီဇင်ဘာလ ၂ ရက်နေ့က ကျက်ကျန်းပြည်နယ် ကျင်းဟွာမြို့ ကျင်းတုန်းရပ်ကွက်က ကျွမ်းကျင်သော ကြာစွယ်တူးသူများသည် ဈေးကွက်ရရှိရန် ကြာစွယ်များကို တူးဖော်ခဲ့ကြသည်။

မကြာသေးမီနှစ်များအတွင်း ကျင်းတုန်းရပ်ကွက်သည် ၎င်း၏ဂေဟစနစ်ဆိုင်ရာ အားသာချက်များကို အပြည့်အဝဖေါ်ထုတ်ခဲ့ပြီး ရေကန်ထဲက ရွှံ့မြေကို ဖယ်ထုတ်ပြီး တရုတ်ဧက ၇၀၀ ကျယ်ဝန်းသည့် ရေမြေတွင် ငါးမွေးမြူကာ ကြာပန်းများစိုက်ပျိုး၍ AAA အဆင့်ရှုခင်းသာနေရာအဖြစ် အောင်မြင်စွာတည်ဆောက်ခဲ့သည်။ ယခင်က ရွှံ့ပေသောရေကန်သည် မြို့တွင်းနေထိုင်သူများ ခရီးသွားလာ အပန်းဖြေရန် နေရာကောင်းတစ်ခုဖြစ်လာပြီး ဒေသခံရွာသားများ ဝင်ငွေတိုးစေရန်အတွက် "ရတနာအိုး" လည်း ဖြစ်လာခဲ့သည်။