အစ္စရေးနှင့် ဟားမတ်စ်တို့ တိုက်ပွဲများ ပြန်လည်စတင်ခဲ့ပြီး ပါလက်စတိုင်း သေဆုံးဒဏ်ရာရရှိသူ ၇၀၀ ကျော်ရှိသည်

(GMT+08:00)2023-12-03 10:43:17  

ပါလက်စတိုင်း ဂါဇာဒေသတွင် အစ္စရေးနှင့် ပါလက်စတိုင်း ဟားမတ်စ် တို့ကြား ယာယီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်သည် ဒီဇင်ဘာလ ၁ ရက်နေ့က ပြီးဆုံးခဲ့ပြီး နှစ်ဘက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပါသည်။ ဂါဇာဒေသကျန်းမာရေးဌာနမှစာရင်းအရ ထိုနေ့တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၈၄ ဦး သေဆုံးပြီး ၅၈၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးဒဏ်ရာရရှိသူအများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြောင်း သိရပါသည်။