အာဂျင်တီးနား အစိုးရသည် ရှင့်ဟိုင်ရှုံအား နိုင်ငံတကာ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေး ပူးပေါင်းဆောင်ရွက်မှု ထူးချွန်သောအောင်မြင်မှုဆုတံဆိပ်ကို ချီးမြှင့်ပေး

(GMT+08:00)2023-12-03 11:40:56  

   ဒီဇင်ဘာလ ၁ ရက်နေ့က တရုတ်နိုင်ငံဆိုင်ရာ အာဂျင်တီးနား သံရုံးသည် တရုတ်နှင့် အာဂျင်တီးနား လူမှုယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး အောင်မြင်မှုများ ကူးလူးဖလှယ်ရေး အခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် အာဂျင်တီးနား အစိုးရသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံအား နိုင်ငံတကာ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေး ပူးပေါင်းဆောင်ရွက်မှု ထူးချွန်သောအောင်မြင်မှုဆုတံဆိပ်ကို ချီးမြှင့်ပေးပြီး ဤသို့ဖြင့် အာဂျုင်တီးနားနှင့် တရုတ် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရေးကို တိုးမြှင့်ရန်အတွက် ၎င်း၏ အကျိုးပြုစွမ်းဆောင်မှုများကို ချီးကျူးခဲ့ပါသည်။

  အခမ်းအနား၌ အာဂျင်တီးနား သမ္မတ Fernandez က ဗီဒီယိုဖြင့် မိန့်ခွန်း ပြောကြားရာတွင် သမ္မတ ရှီကျင့်ဖိန်၏ ဦးဆောင်မှုဖြင့် တရုတ်ပြည်သူများသည် အစဉ်တစိုက် မိမိတို့နှင့် ရင်ဘောင်တန်း၍ ချီတက်ကာ အာဂျင်တီးနားနှင့် တရုတ် ချစ်ကြည်ရေးသည် ဆက်တိုက် ခိုင်ခံ နက်ရှိုင်းလာကြောင်း ပြောကြားခဲ့ပါသည်။

  ရှင့်ဟိုင်ရှုံက ကမ္ဘာ့ရှေ့ပြေး အမျိုးအစားသစ် ပင်မ မီဒီယာ အဖြစ်ဖြင့် China Media Group သည် သမ္မတ ရှီကျင့်ဖိန်၏ ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက် သုံးရပ်ကို လက်တွေ့ကျ ဖော်ဆောင်ပြီး အာဂျင်တီးနား ပင်မ မီဒီယာများနှင့် အရပ်ဘက် အဖွဲ့အစည်းများနှင့် ရေရှည် ပူးပေါင်းဆောင်ရွက်ရေး စည်းစနစ်ကို တည်ထောင်ထားကြောင်း၊ China Media Group သည် နှစ်နိုင်ငံ၏ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေး တိုးမြှင့်ခြင်း ဖြစ်သည့် မွန်မြတ်သော လုပ်ငန်းတွင် ပိုမို စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်မည် ဖြစ်ပြီး ခေတ်သစ်တွင် တရုတ်နှင့် အာဂျင်တီးနား ဆက်ဆံရေး တိုးတက်မှု တိုးမြှင့်ရေးအတွက် အကျိုးပြုစွမ်းဆောင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။