ထိုင်းနိုင်ငံသည် ခရီးသည်များအား ဆွဲဆောင်ရန် ကျောက်ဖရားမြစ်အနားတွင် မီးထွန်းတေးဂီတပွဲကို ကျင်းပ

(GMT+08:00)2023-12-03 10:46:48  

   ခရီးသည်များအား ဆွဲဆောင်ရန်အတွက် ထိုင်းနိုင်ငံသည် ၂၀၂၃ခုနှစ် ရောင်စုံဘန်ကောက် ဆောင်းရာသီ ပွဲတော်ကို ကျင်းပပါသည်။ ယင်းပွဲတော်ကို ၂၀၂၃ခုနှစ် နိုဝင်ဘာလမှစ၍ ၂၀၂၄ခုနှစ် ဇန်နဝါရီလအထိ ကျင်းပမည်ဖြစ်ပြီး Loy Krathong ပွဲတော်၊ ရောင်စုံ ကျောက်ဖရားမြစ် မီးထွန်း တေးဂီတပွဲ၊ "Awakening Bangkok" မီးထွန်းအနုပညာပွဲတော်၊ "Magical Bangkok" မာရသွန်ပြိုင်ပွဲ၊ ဘန်ကောက် နှစ်ပတ်လည်ပြဇာတ်ပွဲ နှင့် ဘန်ကောက် လူနေရပ်ကွက်များ အနုပညာ ယဉ်ကျေးမှု ပွဲတော် စသည်တို့ ပါဝင်ပါသည်။