ရှီကျင့်ဖိန်သည် ရှန်ဟိုင်းမြို့၌ လေ့လာ ကြည့်ရှုရာတွင် ဗဟိုချက် ငါးခု တည်ဆောက်ရေး အရေးကြီး တာဝန်ကို အလေးထား ဆောင်ရွက်ပြီး ဆိုရှယ်လစ် ခေတ်မီ နိုင်ငံတကာ မြို့ကြီး ဖြစ်လာအောင် ပိုမို လျင်မြန်စွာ တည်ဆောက်ရမည်ဟု ပြောကြား

(GMT+08:00)2023-12-03 22:03:59  

   

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာမီက ရှန်ဟိုင်းမြို့ကို လေ့လာ ကြည့်ရှုရာတွင် ရှန်ဟိုင်းမြို့ အနေနှင့် အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေသစ် ဖွဲ့စည်းတည်ထောင်ရေးကို အလေးထားပြီး ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်သစ်ကို တိကျမှန်ကန်စွာ ဘက်စုံ ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ စီးပွားရေး ဗဟိုချက်၊ ငွေရေးကြေးရေး ဗဟိုချက်၊ ကုန်သွယ်ရေး ဗဟိုချက်၊ လေကြောင်းနှင့် ရေကြောင်း ပို့ဆောင်မှု ဗဟိုချက်နှင့် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေး ဗဟိုချက် အပါအဝင် ဗဟိုချက် ငါးခု တည်ဆောက်ရေး အရေးကြီး တာဝန်ကို အလေးထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးကို တွန်းအားအဖြစ်ထားပြီး၊ နိုင်ငံတော် အရေးကြီး မဟာဗျူဟာကို ဦးဆောင်မှု အဖြစ်ထား၍၊ မြို့ပြ စီမံခန့်ခွဲမှု ခေတ်မီရေးကို အာမခံပြီး နိုင်ငံတကာ ဩဇာညောင်းမှု ရှိသည့် ဆိုရှယ်လစ် ခေတ်မီ နိုင်ငံတကာ မြို့ကြီး ဖြစ်လာအောင် ပိုမို လျင်မြန်စွာ တည်ဆောက်ရမည် ဖြစ်ကြောင်း၊ တရုတ်အသွင်ပုံစံ ခေတ်မီရေး တွန်းအားပေးစဉ်၌ ဦးဆောင်သည့် စံနမူနာပြုသည့် အခန်းမှ ပါဝင်ဆောင်ရွက်ရမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ 

  ရှီကျင့်ဖိန်သည် နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ရှန်ဟိုင်းမြို့ ငွေကြေးဌာန၊ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေးဇုန်၊ တန်ဖိုးနည်းအိမ်ရာ ပရောဂျက် ဖော်ဆောင်ရေးနေရာ စသည့် နေရာများသို့ သွားရောက် လေ့လာကြည့်ရှုခဲ့ပါသည်။

   ရှီကျင့်ဖိန်သည် ဘေကျင်းသို့အပြန်ခရီးစဉ်တွင် ကျန်းစူးပြည်နယ် ယန်ချင်မြို့ကိုလည်း လေ့လာကြည့်ရှုခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။