ရှီကျင့်ဖိန်သည် ပထမ အကြိမ် လျန်ချူ ဖိုရမ်သို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2023-12-03 11:39:37  

   ဒီဇင်ဘာလ ၃ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပထမ အကြိမ် လျန်ချူ ဖိုရမ်သို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

   အပြန်အလှန် လေးစားခြင်း၊ သင့်မြတ်ဖော်ရွေစွာ အပြန်အလှန် ထောက်ပံ့ကူညီခြင်းနှင့် အတူယှဉ်တွဲနေထိုင်ခြင်းတို့သည် လူသား ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ မှန်ကန်သော လမ်းကြောင်း ဖြစ်ကြောင်း၊ ဘက်အသီးသီးတို့ အနေနှင့် လျန်ချူဖိုရမ် ပလက်ဖောင်းကို အသုံးချပြီး Belt and Road လက်တွဲ တည်ဆောက်ရေး နိုင်ငံများနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆွေးနွေးမှုများကို နက်ရှိုင်စေရန်၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက်ကို လက်တွေ့ကျ ဖော်ဆောင်ပြီး ယဉ်ကျေးမှုဆိုင်ရာ လေ့လာ သင်ယူခြင်းများကို တိုးမြှင့်ရန်၊ တန်းတူရည်တူ ဖြစ်သည့် အပြန်အလှန် လေ့လာသင်ယူသည့် တိုင်ပင်ဆွေးနွေးသောနည်းလမ်းဖြစ်သည့် သက်ညှာထောက်ထားသည့် ယဉ်ကျေးမှု အမြင်ကို ထွန်းကားစေရန်၊ မတူခြားနားသော ယဉ်ကျေးမှုများအကြား အတူ သင့်မြတ်စွာနေကြခြင်းနှင့် အပြန်အလှန် ကူပံ့ခြင်းကို တွန်းအားပေးရန်၊ နိုင်ငံအသီးသီးမှ ပြည်သူများ ခင်မင်ရင်းနှီးမှုကို တိုးမြှင့်ပေးရန် မျှော်လင့်ကြောင်း ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် ရေးသားဖော်ပြထားပါသည်။

   ပထမ အကြိမ် လျန်ချူ ဖိုရမ်ကို ဒီဇင်ဘာလ ၃ ရက်နေ့က ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့၌ စတင်ကျင်းပခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။