ရှန်ရှီး ဟွာယင်းကျေးရွာ တွင် ကြာစွယ် တရုတ်ဧက ၂၀၀ ကျော် ရိတ်သိမ်းရာသီရောက်ရှိ

(GMT+08:00)2023-12-03 10:45:34  

ဒီဇင်ဘာလ ၂ ရက်နေ့တွင် ရှန်ရှီးပြည်နယ် ဝေ့နန်မြို့ ဟွာယင်းကျေးရွာ ရွာသား ဝမ်ကိုလျန်က ကန်ထရိုက်ယူ စိုက်ထားသော ကြာစွယ် တရုတ်ဧက ၂၀၀ ကျော် ရိတ်သိမ်းရာသီသို့ ဝင်ရောက်ပါသည်။ ဝမ်ကိုလျန် ရှိနေသည့်ရွာသည် ကြာစွယ် စိုက်ခင်း ဂေဟစနစ် ကောင်းမွန်ပြီး ဆောင်းရာသီတိုင်းတွင် ထောင်နှင့်ချီသော ငန်းဖြူများနှင့် ဘဲရိုင်းများ လာရောက်ဆောင်းကူးလေ့ရှိသည်။ ယခုနှစ်တွင် ဝမ်ကိုလျန်သည် ကြာစွယ် ကီလိုဂရမ် ၂ သိန်းကျော် ရိတ်သိမ်းနိုင်မည် ဖြစ်ပြီး ယခု သူသည် အလုပ်များများဖြင့် ကြာစွယ်များကို ရိတ်သိမ်း၊ ပို့ဆောင်လျက်ရှိပါသည်။