အစ္စရေးတပ်ဖွဲ့က စစ်ရေးတိုက်ခိုက်မှု ပြန်လည်ပြုလုပ်ပြီးကတည်းက ဂါဇာဒေသတွင် သေဆုံးသူ ၁၇၈ဦးအထိ တိုးလာ

(GMT+08:00)2023-12-02 11:58:42  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၁ ရက်နေ့နံနက်ပိုင်း အစ္စရေးတပ်ဖွဲ့က စစ်ရေးတိုက်ခိုက်မှု ပြန်လည်ပြုလုပ်ပြီးကတည်းက ည ၈ နာရီအထိ ဂါဇာဒေသတွင် သေဆုံးသူဦးရေမှာ ၁၇၈ ဦးအထိ တိုးလာပြီး ၅၈၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းအနက် အများစုမှာ အမျိုးသမီးနှင့် ကလေးများဖြစ်ကြောင်း ဂါဇာ ကျန်းမာရေးဌာနက ၁ ရက်နေ့ညက ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့ပါသည်။