ရှီကျင့်ဖိန်သည် ၂၀၂၃ ခုနှစ် “Understanding China” နိုင်ငံတကာ ညီလာခံ(ကွမ်ကျိုး)သို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2023-12-02 12:01:29  

    ဒီဇင်ဘာလ ၂ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၃ ခုနှစ် “Understanding China” နိုင်ငံတကာ ညီလာခံ(ကွမ်ကျိုး)သို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

   တရုတ်ပြည်အကြောင်း နားလည်လိုလျှင် တရုတ်အသွင်ပုံစံ ခေတ်မီရေးကို နားလည်ခြင်းသည် သော့ချက်ကျရာပင် ဖြစ်ကြောင်း၊ ယနေ့တွင် တရုတ်နိုင်ငံသည် တရုတ်အသွင်ပုံစံ ခေတ်မီရေးဖြင့် အင်အားတောင့်တင်းသောနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရေး၊ မွန်မြတ်သော အမျိုးသားရှင်သန်ရေးကို ဘက်စုံ တွန်းအားပေးနေပြီး လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးနေကာ တရုတ်နိုင်ငံ၏ ရှေ့အလားအလာ ကံကြမ္မာသည် လူသားများ၏ ရှေ့အလားအလာ ကံကြမ္မာနှင့် နီးကပ်စွာ ချိတ်ဆက်ထားနေကြောင်း၊ မိမိတို့သည် နိုင်ငံအသီးသီးတို့နှင့် ဘုံအကျိုးစီးပွားများ တိုးချဲ့ရေးကို ဦးလည်မသုန် ဆောင်ရွက်မည် ဖြစ်ပြီး တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုအသစ်တွေဖြင့် ကမ္ဘာကြီးအား တွန်းအားသစ်နှင့် အခွင့်အလမ်းသစ်များကို အဆက်မပြတ် ဆောင်ကြဉ်းပေးမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးတို့နှင့် လက်တွဲ ကြိုးပမ်းကြပြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်သော၊ အပြန်အလှန် အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်သော၊ အတူ စည်ပင်သာယာသော နိုင်ငံတကာ ခေတ်မီရေးကို အကောင်အထည် ဖော်ဆောင်ရန် မျှော်လင့်ကြောင်း ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် ရေးသား ဖော်ပြထားပါသည်။

  ယခုအကြိမ် ညီလာခံကို ဒီဇင်ဘာလ ၂ ရက်နေ့က ကွမ်ကျိုးမြို့၌ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ညီလာခံ၏ ဆောင်ပုဒ်သည် ရာစုနှစ် ပြောင်းလဲမှု အခြေအနေတွင် တရုတ်ပြည်၏ ဆောင်ရွက်မှုသစ် - ဘုံအကျိုးစီးပွားများကို တိုးချဲ့ပြီး ကံကြမ္မာတူ အသိုက်အဝန်းကို တည်ထောင်ခြင်း ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။