ဗားရှင်းသစ် နိုင်ငံခြားသား ထာဝစဉ် နေထိုင်ရေး မှတ်ပုံတင်ကဒ်- ကြယ်ငါးပွင့်ကဒ် စတင် ထုတ်ပေး

(GMT+08:00)2023-12-02 12:02:49  

ဗားရှင်းသစ် နိုင်ငံခြားသား ထာဝစဉ် နေထိုင်ရေး မှတ်ပုံတင်ကဒ် - ကြယ်ငါးပွင့်ကဒ်ကို ဒီဇင်ဘာလ ၁ ရက်နေ့က တရားဝင် စတင် ထုတ်ပေး အသုံးပြုခဲ့ပါသည်။ ယင်းကဒ်သည် ကြယ်ငါးပွင့်ကဒ်ဟုလည်း ခေါ်ဝေါ်ပြီး ၁ ရက်နေ့တွင် တရုတ်ပြည်၌ ထားဝစဉ် နေထိုင်ခွင့်ရ နိုင်ငံခြားသား အယောက် ၅၀ တို့သည် ကြယ်ငါးပွင့်ကဒ်ကို ရရှိခဲ့ပါသည်။ ၎င်းတို့သည် အမေရိကန်၊ ဂျာမဏီ၊ ပြင်သစ်၊ ရုရှား၊ ဆွီဒင်၊ စင်ကာပူနှင့် တောင်ကိုရီးယား အပါအဝင် နိုင်ငံ ၂၀ ကျော်မှ လာခြင်း ဖြစ်ပြီး စီးပွားရေး၊ ပညာရေး၊ သိပ္ပံနည်းပညာ၊ ယဉ်ကျေးမှု၊ ကျန်းမာရေး စသည့် နယ်ပယ်များတွင် တရုတ်စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွာ အကျိုးပြု စွမ်းဆောင် ပေးသူများ ဖြစ်သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။