၂၀၂၄ ခုနှစ် China Media Group ၏ နွေဦးပွဲတော်အကြိုည ပဒေသာကပွဲ၏ သင်္ကေတ အမှတ်အသားကို တရားဝင် ထုတ်ပြန်

(GMT+08:00)2023-12-02 11:59:43  

၂၀၂၄ ခုနှစ် China Media Group ၏ နွေဦးပွဲတော်အကြိုည ပဒေသာကပွဲကို “နဂါး ပျံသန်း၍ နိုင်ငံတော် စည်ပင်သာယာခြင်း” ဆောင်ပုဒ်နှင့် ဆန်းသစ်သော “အတွေးအခေါ်+ အနုပညာ + နည်းပညာ” အသွင်ပုံစံဖြင့် ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။ ဒီဇင်ဘာလ ၂ ရက်နေ့က ၂၀၂၄ ခုနှစ် China Media Group ၏ နွေဦးပွဲတော်အကြိုည ပဒေသာကပွဲ၏ သင်္ကေတ အမှတ်အသားကို တရားဝင် ထုတ်ပြန်ခဲ့ပါသည်။

  ယင်းသင်္ကေတ အမှတ်အသားတွင် တရုတ်လို da အသံထွက်ဖြစ်သည့် နဂါးသုံးကောင်ဖြင့် ဖွဲ့စည်းထားသည့် စာလုံးဖြင့် လူဦးရေ သန်း ၁၄၀၀ ရှိသည့် တရုတ် အမျိုးသားများ စိတ်အားထက်သန်စွာ ရှေ့သို့ချီတက်ခြင်းကို သရုပ်ဖော်ပြထားပါသည်။၂၀၂၄ ခုနှစ် China Media Group ၏ နွေဦးပွဲတော်အကြိုည ပဒေသာကပွဲတွင် မိမိတို့သည် ကမ္ဘာတစ်ဝှမ်းရှိ တရုတ်အနွယ်ဖွားများနှင့်အတူ မျှော်လင့်ချက် အပြည့်ရှိသည့် နဂါးနှစ်သို့ ဝင်ရောက်ကြမည် ဖြစ်ပါသည်။