ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဒူဘိုင်းညီလာခံတွင် စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် ရာသီဥတုဆောင်ရွက်မှု ကြေညာချက်ကို လက်မှတ်ရေးထိုး

(GMT+08:00)2023-12-02 12:33:32  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၁ ရက်နေ့က ဒူဘိုင်း၌ ကျင်းပသည့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု မူဘောင်သဘောတူညီချက် ၂၈ ကြိမ်မြောက် စာချုပ်ဝင်နိုင်ငံများညီလာခံ (COP28) တွင် နိုင်ငံနှင့် ဒေသပေါင်း ၁၃၄ ခုက စားနပ်ရိက္ခာစနစ် ခိုင်မြဲစေရေး၊ ဆက်တိုက်တည်ရှိသော လယ်ယာစိုက်ပျိုးရေးနှင့် ရာသီဥတု ဆောင်ရွက်မှုဆိုင်ရာ အာရပ်စော်ဘွားများနိုင်ငံကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ကိုင်တွယ်ဖြေရှင်းရန် နှင့် ရာသီဥတုဖောက်ပြန်မှုဒဏ်ခံရဆုံးဒေသများရှိ လယ်သမားများ၏ အသက်နှင့် အသက်မွေးဝမ်းကြောင်းများကို အကာအကွယ်ပေးရန်ရည်ရွယ်ပါသည်။

ယခုအကြိမ်ညီလာခံ၏ ဥက္ကဋ္ဌနိုင်ငံဖြစ်သည့် အာရပ်စော်ဘွားများနိုင်ငံသည် စားနပ်ရိက္ခာဖူလုံရေး၊ ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ကိုင်တွယ်ဖြေရှင်းရေးနှင့် အစားအသောက်စနစ် တီထွင်ဆန်းသစ်ရေး ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာအသိုင်းအဝိုင်းက ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံကျော် စုဆောင်းထားကြောင်း  ကြေညာခဲ့သည်။