BRICSအဖွဲ့တွင် ပါဝင်လိုသော မည်သည့်နိုင်ငံကိုမဆို ကြိုဆိုပါကြောင်း တရုတ်ဆို

(GMT+08:00)2023-12-02 11:57:43  

ဒီဇင်ဘာလ ၁ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် BRICS ပူးပေါင်းဆောင်ရွက်မှု ယန္တရားတိုးချဲ့ရေးနှင့်ပတ်သက်၍ သတင်းထောက်၏ မေးမြန်းချက်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဖြေကြားရာတွင် BRICS ပူးပေါင်းဆောင်ရွက်မှု ယန္တရားသည် ထွန်းသစ်စစျေးကွက်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းညီညွတ်ပြီး ဘုံအကျိုးစီးပွားများကို ထိန်းသိမ်းကြသည့် အရေးကြီး ပလက်ဖောင်းတစ်ခု ဖြစ်သည့်အပြင် တံခါးဖွင့်ထားသော ပလက်ဖောင်းလည်းဖြစ်ကြောင်း၊ BRICSအဖွဲ့တွင် ပါဝင်လိုသော မည်သည့်နိုင်ငံကိုမဆို မိမိတို့ ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါသည်။