Three Gorges Dam Ship Lock ဖြတ်ကျော်သောကုန်ပစ္စည်းပမာဏ စံချိန်သစ်တင်

(GMT+08:00)2023-12-02 12:38:02  

နိုဝင်ဘာလ ၂၅ ရက်နေ့အထိ ၂၀၂၃ ခုနှစ်တွင်  Three Gorges Dam ship lock မှတစ်ဆင့် ဖြတ်သန်းသွားသည့် ကုန်စည်ပမာဏသည် တန်ချိန် ၁၅၆ သန်း ကျော်ရှိပြီး ၂၀၂၂ ခုနှစ် တစ်နှစ်လုံးကုန်စည်ပို့ဆောင်မှုပမာဏကို ကျော်လွန်ခဲ့သည်။ ယခုနှစ်အတွင်း Three Gorges Dam Ship Lock သည် စုစုပေါင်း အကြိမ်ရေ ၁၀၂၁၀ လည်ပတ်ခဲ့ပြီး သင်္ဘော ၃၉၄၆၃ စင်း ဖြတ်သန်းကာ ခရီးသည် ၁၆၉၃၉ ဦး ဖြတ်သန်းခဲ့သည်။ ၂၀၀၃ ခုနှစ်ကစတင်လည်ပတ်ပြီးနောက် Three Gorges Dam Ship Lock  သည် အနှစ် ၂၀ ကြာလုံခြုံစွာ လည်ပတ်ခဲ့ပြီး စုစုပေါင်း ဖြတ်ကျော်ခဲ့သော ကုန်ပစ္စည်းပမာဏမှာ တန်ချိန် ၁.၉၉၆ ဘီလီယံရှိပါသည်။