အစ္စရေးနှင့်ဟားမတ်စ်အဖွဲ့တို့သည် ဖမ်းဆီးထားသူများ သတ္တမအသုတ်ကို အသီးသီး ပြန်လွှတ်ပေး

(GMT+08:00)2023-12-01 13:37:31  

အစ္စရေးတပ်မတော်သည် ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့မှ ပြန်လွှတ်ပေးသော ဖမ်းဆီးထားသူများ သတ္တမအသုတ်ကို လက်ခံရရှိကြောင်း နိုဝင်ဘာလ ၃၀ရက်နေ့ညက ပြောကြားခဲ့ပါသည်။ ကာတာ AL Jazeera ရုပ်မြင်သံကြားဌာနမှ ထုတ်ပြန်သော သတင်းအရ အစ္စရေးဘက်သည်  ဖမ်းဆီးထားသော ပါလက်စတိုင်းနိုင်ငံသား သတ္တမအသုတ် အဦး ၃၀ ကို ပြန်လွှတ်ပေးပြီဟု သိရှိရပါသည်။

ထိုနေ့ညက အစ္စရေးတပ်မတော်၏ ကြေညာချက်တွင် ဟားမတ်စ်အဖွဲ့မှ ပြန်လွှတ်ပေးသော ဖမ်းဆီးထားသူ ၆ဦးကို လက်ခံပြီးပြီဖြစ်ကြောင်း ဖော်ပြထားပါသည်။ အစ္စရေးတပ်မတော်သည် ဟားမတ်စ်အဖွဲ့မှ ပြန်လွှတ်ပေးသော အခြားအစ္စရေးနိုင်ငံသား ၂ဦးလည်း အစ္စရေးသို့ ပြန်ရောက်ပြီဟု ထိုနေ့စောစောပိုင်းက  အတည်ပြုပြောကြားခဲ့ ပါသည်။