၂၀၂၃ခုနှစ်သည် သမိုင်းတွင် စံချိန်တင် အပူဆုံးနှစ်ဖြစ်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ကြေညာ

(GMT+08:00)2023-12-01 11:49:41  

    ကမ္ဘာ့မိုးလေဝသအဖွဲ့က ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ၂၈ ကြိမ်မြောက် စာချုပ်ဝင် နိုင်ငံများ အထွေထွေညီလာခံ (COP28) ဖွင့်ပွဲအခမ်းအနားကို ကျင်းပသည့် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ၂၀၂၃ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု အခြေအနေ အစီရင်ခံစာ(မူကြမ်း)ကို ထုတ်ပြန်ရာမှာ ၂၀၂၃ခုနှစ်သည် သမိုင်းတွင် စံချိန်တင် အပူဆုံးနှစ်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

ကမ္ဘာ့မိုးလေဝသအဖွဲ့ အတွင်းရေးမှူးချုပ် Pietri Taalas က COP28 တွင် တက်ရောက်လာကြသော နိုင်ငံအသီးသီးမှခေါင်းဆောင်များကို ရာသီဥတုဘေးဒဏ် ကင်းရှင်းစေရန်အတွက် ပိုမိုများပြားသော ဆောင်ရွက်မှုများ ပြုလုပ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများက ၎င်းတို့၏ နှစ်စဉ် ကတိကဝတ်အတိုင်း ဒေါ်လာ ဘီလီယံ ၁၀၀ ကို ကောက်ပေးရန် တောင်းဆိုကာ ထိခိုက်လွယ်သော ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းအတွက်လိုအပ်သော အထောက်အပံ့များ ရရှိစေရန် ဖွံ့ဖြိုးပြီး နိုင်ငံများက ၂၀၂၅ခုနှစ်မတိုင်မီတွင် ရန်ပုံငွေ ၂ ဆတိုးရန် အသေးစိတ် အစီအစဉ်ကို တင်ပြဖို့လည်း တောင်းဆိုခဲ့ပါသည်။