သင်းရွှဲရှမ်သည် အာရပ်စော်ဘွားများနိုင်ငံသမ္မတ မူဟန်မွန်နှင့် တွေ့ဆုံ

(GMT+08:00)2023-12-01 11:49:10  

    တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော် ကောင်စီ ဒုတိယဝန်ကြီးချုပ် သင်းရွှဲရှမ်သည် နိုဝင်ဘာလ ၃၀ ရက်နေ့က အာရပ်စော်ဘွားများနိုင်ငံသမ္မတ မူဟန်မွန်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် သင်းရွှဲရှမ်က လာမည့်နှစ်သည် တရုတ်-အာရပ်စော်ဘွားများနိုင်ငံ သံတမန်ဆက်သွယ်မှု ထားရှိသည့် နှစ် ၄၀ ပြည့်မြောက်နှစ်ဖြစ်ပြီး နှစ်ဖက်တို့အနေနှင့် နိုင်ငံရေးဆိုင်ရာ အပြန်အလှန် ယုံကြည်မှု ပိုမိုခိုင်မာလာစေရေး၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ “Belt and Road” ကို အရည်အသွေး မြင့်မားစွာ အတူတည်ဆောက်ရေး၊ တရုတ်နှင့် အာရပ်နိုင်ငံများ၊ ပင်လယ်ကွေ့ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများ(Gulf Cooperation Council)အကြား ပူးပေါင်းဆောင်ရွက်မှုများ ကို မြှင့်တင်ရေးတို့ကို အတူတကွ အားသစ်လောင်းပေးရမည် ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဒူဘိုင်းအထွေထွေညီလာခံကို ပြင်ဆင်ရန် အာရပ်စော်ဘွားများနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ်ပြည်က တန်ဖိုးထားချီးကျူးကြောင်း၊ အာရပ်စော်ဘွားများနိုင်ငံသည် BRICS အဖွဲ့တွင် ပါဝင်ခြင်း ကို ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါသည်။

   မူဟန်မွန်က ပါလက်စတိုင်း၏ တရားမျှတမှုအတွက် တရုတ်ပြည်၏ ခိုင်မာသော ထောက်ထားမှုကို ကျေးဇူးတင်ရှိကြောင်း၊ တရုတ်ပြည်၏ တရားမျှတသော ရပ်တည်ချက်များကို တန်ဖိုးထားချီးကျူး ကြောင်း၊ နိုင်ငံတကာနှင့်ဒေသတွင်းကိစ္စရပ်များတွင် တရုတ်ပြည်နှင့် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာ့ ငြိမ်းချမ်းတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို အတူတကွ တွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။