ရှီကျင့်ဖိန်က Henry Kissinger ကွယ်လွန်သွားခြင်းအပေါ် အမေရိကန်သမ္မတထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2023-12-01 13:36:30  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Henry Kissinger ကွယ်လွန်သွားသည့်အတွက် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒင် ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။ ရှီကျင့်ဖိန်က တရုတ်အစိုးရနှင့် တရုတ်ပြည်သူများ ကိုယ်စား၊ ဒေါက်တာ Henry Kissinger ကွယ်လွန်သွားခြင်းအပေါ် လွန်စွာ ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြပြီး ၎င်း၏ ကျန်ရစ်သူ မိသားစုဝင်များအား စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်အားပေးကြောင်း ဖော်ပြခဲ့ပါသည်။

ထိုဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ရှီကျင့်ဖိန်က ဒေါက်တာ Henry Kissinger သည် ကမ္ဘာကျော် သံတမန်ပုဂ္ဂိုလ်ဖြစ်ပြီး တရုတ်ပြည်သူများ၏ မိတ်ဆွေဟောင်းနှင့် မိတ်ဆွေ ကောင်းဖြစ်ကြောင်း၊ ၎င်းအနေနှင့် တရုတ်-အမေရိကန် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်မှု တိုးပွားစေရေးတို့ကို မိမိ၏ တစ်သက်တာ ကြိုးပမ်းမှုအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ Kissinger ၏ အမည်သည် တရုတ်-အမေရိကန် ဆက်ဆံမှုနှင့် ထာဝရဆက်စပ်မည်ဖြစ်ပြီး၊ ဒေါက်တာ Kissinger အား တရုတ်ပြည်သူများက အမြဲသတိရ လွမ်းဆွတ်ကြမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။