အီရတ်အရှေ့ပိုင်းတွင် ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများ ဖြစ်ပွားပြီး လူ ၁၁ ဦး သေဆုံး

(GMT+08:00)2023-12-01 13:37:01  

အီရတ်နိုင်ငံ အရှေ့ပိုင်း Diyala ပြည်နယ်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့က လမ်းဘေး ဗုံးခွဲတိုက်ခိုက်မှုနှင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ လူ ၁၁ ဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့ ကြောင်း အီရတ်ရဲဘက်မှ ထိုနေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

Diyala ပြည်နယ် ရဲအရာရှိ Saadi က ထိုနေ့ညမှာ အရပ်သားမော်တော်ကား တစ်စီးသည်  Diyala ပြည်နယ် ရွာတစ်ရွာ၏ လမ်းဘေး ဗုံးခွဲတိုက်ခိုက်မှုခံခဲ့ရပြီးနောက် အမည်မသိ သေနတ်သမားများမှ ပြင်းထန်စွာ ပစ်ခတ်ခဲ့သဖြင့် လူ ၁၁ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။