ရာသီဥတုပြောင်းလဲမှုအားရင်ဆိုင်ရာတွင် တရုတ်နိုင်ငံ၏ ဆောင်ရွက်မှုကို သဘောကျကြောင်း စစ်တမ်းတစ်ခုတွင် ဖော်ပြ

(GMT+08:00)2023-12-01 14:52:49  

တစ်နေ့တခြားဆိုးရွားလာသည့် ရာသီဥတုအခြေအနေတွင် တစ်ကမ္ဘာလုံးက ဒူဘိုင်းတွင် ယနေ့မှစကာ အချိန်နှစ်ပတ်ကြာကျင်းပမည့် (၂၈) ကြိမ်မြောက် “ကုလသမဂ္ဂ ရာသီဥတုပြောင်း လဲမှုဆိုင်ရာ မူဘောင် ကွန်ဗင်းရှင်း” ချုပ်ဆိုသည့်နိုင်ငံများညီလာခံ (COP28) သို့ ရောက် အာရုံစိုက်လာကြသည်။

China Media Group - CGTN က ပြုလုပ်ခဲ့သည့် ကမ္ဘာ့တစ်ဝန်း အင်တာနက်မှ ဆန္ဒကောက်ယူမှု တွင်  ဆန္ဒပြုသူ ၉၀.၃% က ရာသီဥတု ပြဿနာအား ရင်ဆိုင်ရာတွင် မည်သည့်နိုင်ငံကမျှ ရှောင်ဖယ် နေ၍မရ၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုသည် ရာသီဥတုပြောင်းလဲမှုပြဿနာအားဖြေရှင်းသည့် အရင်းခံ ဖြေရှင်းရန်နည်းလမ်းဖြစ်သည်ဟု ယူဆကြပြီး  ၉၁.၄% က တရုတ်နိုင်ငံ၏ ရာသီဥတုကုစားမှု အပိုင်းကို ချီးကျူးကြကြောင်း သိရပါတယ်။

စစ်ဆေးချက်တွင် တစ်ကမ္ဘာလုံးရှိ အင်တာဗျူးဖြေဆိုသူပေါင်း ၈၃% က လူသားတို့၏ အလွန်အကျွံ ကာဗွန်စွန့်ထုတ်မှုကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို ဆိုးရွားသွားစေပြီး အရည်အ သွေးမြင့်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းသာလျှင် အခက်အခဲကို ကျော်ဖြတ်နိုင် မည်ဟု ယူဆကြပါတယ်။ ဖြေဆိုသူပေါင်း ၈၁.၈% က နိုင်ငံများသည် အစိမ်းရောင်ကာဗွန်နည်း အသွင်ကူး ပြောင်းဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ကာ ကာဗွန်စွန့်ထုတ်မှုလျှော့ချ၍ တစ်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုရည်မှန်းချက်အား ဖော်ဆောင်ရမည်ဖြစ်ကြောင်း တိုက်တွန်းခဲ့ကြပါတယ်။

 

“ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင် ကွန်ဗင်းရှင်း” တွင် သမိုင်းနှင့်လက်ရှိ တစ် ကမ္ဘာလုံးဖန်လုံအိမ်ဓာတ်ငွေ့စွန့်ထုတ်မှု၏ အများဆုံးလာရာမှာ ဖွံ့ဖြိုးပြီးနိုင်ငံများမှဖြစ်ကြောင်း ထောက်ပြထားပြီး ဖွံ့ဖြိုးပြီးနိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများက “အတူတကွဖြစ်သော်လည်း ကွာခြားသည့် တာဝန်ရှိမှု” မူဝါဒကို အတည်ပြုထားပါတယ်။ စစ်ဆေးချက်အရ အင်တာဗျူးဖြေကြားသူပေါင်း ၈၈.၅% က ၎င်းအပေါ်သဘောတူကြပြီး ဖွံ့ဖြိုးပြီးနိုင်ငံများသည် လူကြောင့်ဖြစ်ပွားသည့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ အန္တရာယ်အပေါ် ပိုမိုကြီးမားသည့်သမိုင်းတာဝန်ကို ခံယူသင့်သည်ဟု ယူဆကြပါတယ်။

 

ဖွံ့ဖြိုးပြီးနိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကူညီမှု ပေးရန်ကျန် ရှိသော သို့မဟုတ် လျှော့ချထားသော အခြေအနေနှင့်စပ်လျဉ်း၍ ဖြေဆိုသူပေါင်း ၈၀.၁% ကစိတ်ပျက်မိ ကြောင်း၊ ဖြေဆိုသူပေါင်း ၈၉.၉% ကဖွံ့ဖြိုးပြီးနိုင်ငံများကို မိမိ၏ကာဗွန်စွန့်ထုတ်မှုပြဿနာကို သေချာ လုပ်ဆောင်သည့် တစ်ချိန်တည်းတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လက်တွေ့ကျကျ ရာသီဥတု နှင့်သင့် လျော်စွာ လုပ်ဆောင်ရေးအရင်းအနှီးနှင့် နစ်နာဆုံးရှုံးမှုများအတွက် ပေးလျော်ကာ မိမိ တာဝန်ထမ်း ဆောင်ရမည်ဖြစ်ကြောင်း တိုက်တွန်းခဲ့ကြပါတယ်။ အခြားဖြေဆိုသူ ၈၂.၉% က နိုင်ငံကြီးသည် ရာသီ ဥတုပြောင်းလဲမှုအား ရင်ဆိုင်ရာတွင် ရဲစွမ်းသတ္တိနှင့် တာဝန်ခံယူမှုကိုပြသရန် မျှော်လင့်နေ တယ်ဆို ပါတယ်။

တရုတ်နိုင်ငံသည် အမြဲတစေ တစ်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုကုစားမှုကို တက်တက်ကြွကြွ ပါဝင်နေပြီး နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း စက်တပ်အင်အားတွင် တစ်ကမ္ဘာလုံး၏ တစ်ဝက်နီးပါးသည် တရုတ်နိုင်ငံတွင်ရှိကြောင်း၊ တစ်ကမ္ဘာလုံးရှိ စွမ်းအင်သစ်ကား (လျှပ်စစ်ကား) များ၏ တစ်ဝက်နှင့်အထက်မှာ တရုတ်တွင်မောင်းနှင်နေကြောင်း၊ တစ်ကမ္ဘာလုံး၏ အသစ်ထပ်တိုးစိမ်းလန်းမြေဧရိယာ လေးပုံတစ်ပုံသည် တရုတ်နိုင်ငံတွင်ရှိကြောင်း၊ ထိုအချက်များအရ အင်တာဗျူးဖြေဆိုသူပေါင်း ၉၁.၄% က တရုတ်နိုင်ငံ၏ ရာသီဥတုကုစားမှုအပိုင်းတွင် အကျိုးထမ်းဆောင် မှု အတွက် ချီးကျူးကြကြောင်း ဖော်ပြခဲ့ပါတယ်။

  CGTN ၏ စစ်တမ်းကောက်ယူမှုတွင် အင်တာနက်အသုံးပြုသူများက “ရာသီဥတုပြောင်းလဲမှုအား ပြုပြင်ရန် တရုတ်အစိုးရ၏ ကြိုးပမ်းမှုမှန်သမျှသည် မွန်မြတ်လှကြောင်း ”မှတ်ချက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။