“ကစ်ဆင်ဂျာ၏ ဉာဏ်ပညာ”သည် ကန်အတွက် တန်ဖိုးအရှိဆုံးသော အမွေအနှစ် ဖြစ်

(GMT+08:00)2023-12-01 10:38:09  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၉ရက်နေ့က တရုတ်ပြည်သူများ၏ မိတ်ဟောင်း ဆွေဟောင်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကစ်ဆင်ဂျာ သည် အသက်အရွယ် အနှစ်၁၀၀တွင် ကွယ်လွန်သွားခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ပြီးကာလ၌ အမေရိကန်နိုင်ငံ၏ နာမည်အကျော်ကြားဆုံး သံတမန်ပုဂ္ဂိုလ်အဖြစ် ကစ်ဆင်ဂျာ သည် တရုတ်-အမေရိကန် ဆက်ဆံရေး ထားရှိမှု၊ အရှေ့အလယ်ပိုင်းအခြေအနေ ကြားဝင်ဖျန်ဖြေမှုစသည်များတွင် အထူးအကျိုးပြုစွမ်းဆောင်ခဲ့ပါသည်။


    ကစ်ဆင်ဂျာ၏ သံတမန်ရေးရာ ဉာဏ်ပညာသည် ကမ္ဘာ့သမိုင်းကို လေးနက်စွာ နားလည်သဘောပေါက်ပြီး နိုင်ငံတကာဆက်ဆံရေး ဥပဒေသကို တိကျစွာ ဆုပ်ကိုင် ထားခြင်းမှ အရင်းခံပါသည်။
    တရုတ်-အမေရိကန်ဆက်ဆံရေး “ဆီးနှင်းခဲများကို ဖြိုခွဲစေခြင်း”သည် ကစ်ဆင်ဂျာ၏ သံတမန်ဘဝတွင် အထင်ရှားဆုံးသော အောင်မြင်မှု ဖြစ်သည်မှာ သေချာပါသည်။
    ကစ်ဆင်ဂျာအတ္ထုပ္ပတ္တိစာရေးသူ၊ အမေရိကန် Vanderbilt တက္ကသိုလ် သမိုင်း ပါမောက္ခ Schwarz က ကစ်ဆင်ဂျာသည် အမေရိကန်အစိုးရအား တရုတ်နိုင်ငံအပေါ် နားလည်မှုကို တကယ်ဆောင်းကျဉ်းလာခဲ့ကြောင်း ယူဆပါသည်။
    တရုတ်-အမေရိကန်ဆက်ဆံရေး အခက်အခဲနှင့် ကြုံတွေ့ရင်ဆိုင်နေရသည့် လက်ရှိ အချိန်တွင် အမေရိကန်နိုင်ငံသည် ပိုမိုများပြားသည့် ကစ်ဆင်ဂျာလို အမေရိကန်နိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး ပိုလာရိုက်ဇေးရှင်းကို ကျော်လွှားပြီး တရုတ်နိုင်ငံ၏ သမိုင်း ယဉ်ကျေးမှုကို နားလည်သဘောပေါက်ကာ တရုတ်-အမေရိကန်အကျိုးတူစီးပွားကို ဆင်ခြင်သုံးသပ်နိုင်သော နိုင်ငံရေးပုဂ္ဂိုလ်များကို လိုအပ်ပါသည်။ တရုတ်နိုင်ငံအပေါ် မှန်ကန်သော နားလည်မှုကို ထူထောင်ပြီး တရုတ်-အမေရိကန်ဆက်ဆံရေး အခက်အခဲများ ကို ကျော်လွှား ပြီး ရှေ့သို့ ဆက်လက်ချီတက်ရန် တွန်းအားပေးလိုပါသည်။
    ကစ်ဆင်ဂျာ၏ တစ်သက်လုံးတွင် နိုင်ငံတကာအခင်းအကျင်း အပြောင်းလဲကြီး ပြောင်းလဲလာမှုများကို မျက်မြင်ကိုယ်တွေ့တွေ့ခဲ့ပါသည်။ အမေရိကန်နိုင်ငံ၏ သံတမန် အရာရှိကြီးအဖြစ် ကစ်ဆင်ဂျာ သည် အမေရိကန်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံတကာဆက်ဆံရေးတို့ကို နက်ရှိုင်းစွာ နားလည်ပြီး မတူညီသော သမိုင်းဝင် အချိန် ကာလတွင် အမေရိကန်နိုင်ငံခြားရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကာ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အထောက်အကူပြုခဲ့ပါသည်။
    ကစ်ဆင်ဂျာ သည် အမေရိကန်နိုင်ငံအတွက် တန်ဖိုးအရှိဆုံး အမွေအနှစ်မှာ တရုတ်- အမေရိကန်နှစ်နိုင်ငံတို့သည် ကွဲပြားမှုများရှိသော်လည်း ဉာဏ်ပညာရှိသော သံတမန် မဟာဗျူဟာဖြင့် ၄င်းကွဲပြားမှုများကို ကျော်လွှားနိုင်ပြီး တစ်ဖက်နိုင်ငံနှင့် ထိတွေ့ ပူးပေါင်းဆောင်ရွက်ကာ အပြန်အလှန်အကျိုးရရှိစေသေည့်အခြေခံပေါ်တွင် နှစ်နိုင်ငံ ဆက်ဆံရေးကို ထားရှိနိုင်ခြင်း ဖြစ်ပါသည်။ ထိုသို့လုပ်ခြင်းမှာ တရုတ်-အမေရိကန် အကျိုးတူစီးပွားနှင့် ကိုက်ညီပြီး နိုင်ငံတကာအသိုင်းအဝိုင်းလည်း အကောင်းမြင်ပါသည်။
    တရုတ်ပြည်သူများသည် မိတ်ဟောင်းဆွေဟောင်းများကို ဘယ်တော့မှ မမေ့နိုင်ပါ။ တရုတ်-အမေရိကန်ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရန် ကစ်ဆင်ဂျာ ၏ သမိုင်းဝင်အကျိုးပြု စွမ်းဆောင်မှုများကို ဘယ်တော့မှ မမေ့နိုင်ပါ။ တရုတ်ပြည်သူများက အမေရိကန် အာဏာပိုင်တို့သည် ကမ္ဘာကြီး၏ ပြောင်းလဲတိုးတက်မှုများကို နားလည်သဘောပေါက်ပြီး ကစ်ဆင်ဂျာ ၏ သံတမန်ရေးရာ ဉာဏ်ပညာကို လက်ဆင့်ကမ်းကာ ဆန်ဖရန်စစ္စကိုမြို့တွင် တရုတ်-အမေရိကန်ထိပ်သီးခေါင်းဆောင်များ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီမှု များကို အကောင်အထည်ဖော်၍ သမိုင်းဝင်အချိန်ကာလသစ်တွင် တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား အပြန်အလှန်အောင်မြင်မှုများရရှိခြင်းနှင့် အတူတကွစည်ပင်ဝပြောမှုများ ကို မြှင့်တင်ရန် မျှော်လင့်ကြပါသည်။ ၄င်းမှာ ကစ်ဆင်ဂျာ အတွက် အကောင်းဆုံးသော အမှတ်တရလည်း ဖြစ်ပါသည်။