ရှီကျင့်ဖိန်နှင့်တွေ့ဆုံခြင်း ၊ လူအားလုံးကို သူ ကူညီပေးချင်သည်

(GMT+08:00)2023-11-30 15:52:44  

နိုဝင်ဘာလကို ရောက်တိုင်း

Mark Bacon ဟာ သမ္မတရှီကျင့်ဖိန်နဲ့

အတိတ်အကြောင်းတစ်ခုကို အမြဲတမ်းသတိရတတ်ပါတယ်

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ

သူက လူမှုရေးကွန်ရက်ပေါ်မှာ ဒီလိုစာရေးတင်ခဲ့ပါတယ်

“လွန်ခဲ့တဲ့ ၉ နှစ်တုန်းက နိုဝင်ဘာလ ၁၈ ရက်နေ့မှာ

ဟိုးဘတ်ထ်မြို့ကို သမ္မတရှီကျင့်ဖိန်နဲ့ သမ္မတကတော် ရောက်ခဲ့ပြီးနောက်

သူတို့ကို ကံကောင်းစွာဖြင့် ကျွန်တော် တွေ့ခွင့်ရခဲ့ပြီး

တစ်နာရီကျော်ကြာအောင် စကားပြောခဲ့ပါတယ်”

၂၀၁၄ ခုနှစ်

သမ္မတ ရှီကျင့်ဖိန်က ဩစတြေးလျနိုင်ငံသို့ တရားဝင် ခရီးစဉ်ဖြင့် ရောက်ရှိခဲ့စဉ်က

Mark Bacon တို့မိသားစုနဲ့ ဆုံတွေ့ခဲ့ပါတယ်

၁၉၉၉ ခုနှစ် နဲ့ ၂၀၀၁ ခုနှစ်မှာ

Mark Bacon ရဲ့ဖခင် Jim Bacon ဟာ

တက်စမေးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်သို့ နှစ်ကြိမ်သွားရောက်ခဲ့ပါတယ်

ထိုအချိန်က ဖူကျန့်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရှီကျင့်ဖိန်ဟာ

ရပ်ဝေးက လာရောက်တဲ့ဒီမိတ်ဆွေကို ကြိုဆိုဧည့်ခံခဲ့ပါတယ်

သူ့နိုင်ငံကို ပြန်ရောက်ပြီးနောက်

ပြည်နယ်အုပ်ချုပ်ရေးမှူး Jim Bacon က သားဖြစ်သူ Mark Bacon အပြင်

မိသားစုဝင်တွေကို

ရှီကျင့်ဖိန်အကြောင်း ပြောပြတဲ့အခါတိုင်း

“ဒီလူရဲ့နာမည်ကို မင်းတို့သေချာမှတ်ထားဖို့ ကောင်းတယ်

သူက အလုပ်ကြီးအကိုင်ကြီး လုပ်မယ့်သူ” လို့

ပြောခဲ့ပါတယ်

ပြည်နယ်အုပ်ချုပ်ရေးမှူး Jim Bacon ကလည်း

ထိုအချိန်က ဖူကျန့်ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ရှီကျင့်ဖိန်ကို

တက်စမေးနီးယားပြည်နယ်သို့ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ခဲ့ဖူးပါတယ်

ဒါပေမဲ့ ၂၀၀၄ ခုနှစ်မှာတော့

ပြည်နယ်အုပ်ချုပ်ရေးမှူး Jim Bacon ဟာ ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီး

ဒီချိန်းဆိုမှုကို ထာဝရလွဲချော်ခဲ့ရပါတယ်။

နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်

တရုတ်နိုင်ငံခေါင်းဆောင်ဖြစ်လာတဲ့ ရှီကျင့်ဖိန်ဟာ

သမုဒ္ဒရာကို ကျော်ဖြတ်ပြီး

ဒီကွယ်လွန်သူမိတ်ဆွေဟောင်းကို ပေးထားတဲ့ကတိအတိုင်း ရောက်လာခဲ့ပါတယ်