ရှန်ဟိုင်း သတ်မှတ်ရက်တွင် အပ်ရမည့် ကုန်ပစ္စည်းများ ရောင်းဝယ်ရေးဌာနသို့ သွားရောက် ကြည့်ရှုလေ့လာ

(GMT+08:00)2023-11-30 13:00:03  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာလ ၂၈ရက်နေ့မှ ၂၉ရက်နေ့အထိ ရှန်ဟိုင်း သတ်မှတ်ရက်တွင် အပ်ရမည့် ကုန်ပစ္စည်းများ ရောင်းဝယ်ရေးဌာန (Futures Exchange) သို့ သွားရောက်ကြည့်ရှုခဲ့ပြီး ရှန်ဟိုင်းမြို့၏ နိုင်ငံတကာ ငွေရေးကြေးရေးစင်တာ ယှဉ်ပြိုင်နိုင် စွမ်းအား တိုးမြှင့်ရေးစသောအခြေအနေများကို လေ့လာခဲ့ပါသည်။

SHANGHAI Futures Exchange သည် ၁၉၉၉ခုနှစ်က တရားဝင်ဖွဲ့စည်းတည်ထောင် ခဲ့ခြင်း ဖြစ်ကြောင်း၊ သတ္တုပစ္စည်း၊ စွမ်းအင်၊ ဓါတုဗေဒစက်မှုလုပ်ငန်း၊ ရေကြောင်း ပို့ဆောင်းရေး စသောနယ်ပယ်များ ပါရှိကြောင်း၊ တစ်ကမ္ဘာလုံး အကြီးဆုံး Non-ferrous သတ္တုပစ္စည်းများ ဈေးနှုန်းသတ်မှတ်ရေးစင်တာ ၃ခုအနက် တစ်ခုအပါအဝင် ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။