ရှီကျင့်ဖိန်သည် ရှန်ဟိုင်းမြို့၌ ကြည့်ရှုလေ့လာ

(GMT+08:00)2023-11-30 12:59:36  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာလ ၂၈ရက်နေ့မှ ၂၉ရက်နေ့အထိ ရှန်ဟိုင်း သတ်မှတ်ရက်တွင် အပ်ရမည့် ကုန်ပစ္စည်းများ ရောင်းဝယ်ရေးဌာန (Futures Exchange)၊ ရှန်ဟိုင်းသိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေး အောင်မြင်မှုများပြပွဲ၊ Minhang ရပ်ကွက် ခေတ်သစ်မြို့ပြတည်ဆောက်သူနှင့် စီမံခန့်ခွဲသူများ၏အိမ်တို့ကို ရှေ့ဆင့်နောက်ဆင့် သွားရောက်ကြည့်ရှုခဲ့ပြီး ရှန်ဟိုင်းမြို့၏ နိုင်ငံတကာ ငွေရေးကြေးရေး စင်တာ ယှဉ်ပြိုင်နိုင်စွမ်းအားတိုးမြှင့်ရေး၊ နိုင်ငံတကာသိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေးစင်တာ တည်ဆောက်မှု အားဖြည့်ဆောင်ရွက်ရေးနှင့် ဆင်းရဲသားအာမခံအငှားအိမ်ရာများ တည်ဆောက်မှု တွန်းအားပေးရေးစသောအခြေအနေများကို လေ့လာခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။