ထိုင်းနိုင်ငံ ပရာချောပ်ခီရီခန်းပြည်နယ်ရှိ တက္ကသိုလ်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားပြီး လက်ရှိ သေဆုံးဒဏ်ရာရရှိသူ မရှိသေးကြောင်း သိရ

(GMT+08:00)2023-11-30 12:16:56  

နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၁ နာရီ၌ ထိုင်းနိုင်ငံ အလယ်ပိုင်း ပရာချောပ်ခီရီခန်း (Prachuap Khiri Khan) ပြည်နယ် ရာဂျာမန်ဂါလာ ရာတာနာကွန်ဆင်တက္ကသိုလ် ( Rajamangala University of Technology Rattanakosin) ကျောင်းဝန်းတစ်ခုအတွင်းရှိ အဆောက်အအုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ ဒေသခံမီးသတ်ဌာနက မီးလောင်မှုဖြစ်ပွားရာ နေရာသို့ အရေးပေါ်သွားရောက်၍ မီးငြိမ်းသတ်ခြင်းများ လုပ်ဆောင် ခဲ့ရာ လက်ရှိအထိ သေဆုံးဒဏ်ရာရရှိသူမရှိသေး‌ကြောင်း သတင်းရရှိပါသည်။ မီးလောင်ကျွမ်းရသည့် အကြောင်းရင်းများကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါသည်။