(ပါလက်စတိုင်း-အစ္စရေးပဋိပက္ခဖြေရှင်းရေးဆိုင်ရာ တရုတ်နိုင်ငံ၏ ရပ်တည်ချက်စာတမ်း) ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

(GMT+08:00)2023-11-30 13:23:23  

ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခကြောင့် အရပ်သားအမြောက်အမြား သေကြေအနာတရဖြစ်ပြီး ဆိုးရွားသော လူသားချင်းစာနာထောက်ထားမှုဘေးဒုက္ခများ ဖြစ်လာခဲ့သဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ  လွန်စွာအာရုံစိုက်နေကြပါသည်။ တရုတ် နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ပါလက်စတိုင်း-အစ္စရေး လက်ရှိအခြေအနေနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ သဘောထားရပ်တည်ချက်ကို အကြိမ်ပေါင်းများစွာ ရှင်းလင်းဖော်ပြပြီး အပစ်အခတ်ချက်ချင်းရပ်စဲရန်၊ လူသားချင်းစာနာထောက်ထားမှု ကယ်ဆယ်ရေး လမ်းကြောင်းများ လုံခြုံချောမွေ့စေရန်နှင့် ပဋိပက္ခတိုးချဲ့ခြင်း တားဆီးရန် အလေးထား ပြောကြားပြီး အခြေခံထွက်ပေါက်နည်းလမ်းမှာ " two-state solution"  အကောင်အထည် ဖော်ဆောင်ရန်ပင်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

    တရုတ်နိုင်ငံသည် အောက်ပါအဆိုပြုချက်များကို တင်သွင်းခဲ့ပါသည်။ ၁။ အပစ်အခတ် ဘက်စုံရပ်စဲရေး၊ ၂။ အရပ်သူအရပ်သားများအား ထိရောက်စွာ အကာအကွယ်ပေးရေး၊ ၃။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးကို ခိုင်မာစွာ အာမခံပေးရေး၊  ၄။ သံတမန်ရေးရာ ကြားဝင်ဖြန်ဖြေမှုများကို  အားဖြည့်ဆောင်ရွက်ရေး၊ ၅။ နိုင်ငံရေး ဖြေရှင်းရေး နည်းလမ်းများကို ရှာကြံဆောင်ရွက်ရေးတို့ ဖြစ်သည်ဟု သိရပါသည်။