ရှီကျင့်ဖိန်သည် ရှန်ဟိုင်းသိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်ရေးအောင်မြင်မှုများပြပွဲသို့ သွားရောက်ကြည့်ရှုလေ့လာ

(GMT+08:00)2023-11-30 13:22:19  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘလ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရှန်ဟိုင်းမြို့ သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်ရေး အောင်မြင်မှုများပြပွဲသို့ သွားရောက် ကြည့်ရှုပြီး  ရှန်ဟိုင်းမြို့မှ နိုင်ငံတကာ သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှုစင်တာ တည်ဆောက်မှု အားဖြည့်ဆောင်ရွက်ရေးအခြေအနေကို လေ့လာခဲ့ပါသည်။ ရှန်ဟိုင်း သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်ရေး အောင်မြင်မှုများပြပွဲသည် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာ မိမိကိုယ်ကို မှီခိုအားထားမှု ကျားကန်ပေးပြီး သိပ္ပံနှင့် နည်းပညာ ခေတ်မီရေးဖြင့် တရုတ်ပုံစံခေတ်မီရေးကို ကျားကန်ပေးထားသည့် ရှန်ဟိုင်းမြို့၏ တာဝန်ထမ်းဆောင်မှုများ ကို အပြည့်အဝပြသထားသည်ဟု သတင်းအရ သိရပါသည်။