တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက မတ်လမှစ၍ ထိန်းသိမ်းခံရသည့် ဂျပန်နိုင်ငံသားအား ပထမဆုံးအကြိမ်သွားရောက်တွေ့ဆုံခဲ့ခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တုံ့ပြန်ချက်

(GMT+08:00)2023-11-30 12:15:47  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်သည် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့ပါသည်။ ဂျပန် “Yomiuri Shinbun” မှ သတင်းထောက်က တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Tarumi Hideo သည် ၂၈ ရက်နေ့တွင် ယခုနှစ်မတ်လမှစ၍ တရုတ်နိုင်ငံ၏ ထိန်းသိမ်းခြင်းခံရသည့် ဂျပန်နိုင်ငံသားအား သွားရောက်တွေ့ဆုံခဲ့ပြီး ယင်းသည်လည်း တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ထိန်းသိမ်းခံထားရသော ဂျပန်နိုင်ငံသားအား ပထမဆုံးအကြိမ် သွားရောက်တွေ့ဆုံခြင်း ဖြစ်သည်ကို မေးမြန်းခဲ့ပါသည်။ ယင်းနှင့်ပတ်သက်၍ ဝမ်ဝင်ပင်က တရုတ်နိုင်ငံသည် သက်ဆိုင်ရာနိုင်ငံတကာပဋိညာဉ်စာချုပ်နှင့် တရုတ်-ဂျပန် ကောင်စစ်ဝန် ရေးရာသဘောတူစာချုပ်၏ သတ်မှတ်ချက်များအရ တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ အရာရှိများက သက်ဆိုင်ရာကာယကံရှင်အား သွားရောက်တွေ့ဆုံမှုကို စီစဉ်ပေးခဲ့ကြောင်း၊ အဆိုပါဂျပန်နိုင်ငံသားသည် သူလျှိုလုပ်ငန်းတွင် ပါဝင်ခဲ့သည်ဟု သံသယရှိသဖြင့် တရုတ်နိုင်ငံသက်ဆိုင်ရာဌာနက တရားဥပဒေနှင့်အညီ ရာဇဝတ်မှုဆိုင်ရာ ထိန်းသိမ်းခြင်း ခံရကြောင်း၊ တရုတ်နိုင်ငံသည် တရားဥပဒေစိုးမိုးသော နိုင်ငံဖြစ်ပြီး တရားဥပဒေနှင့်အညီ သက်ဆိုင်ရာအမှုများကို ဖြေရှင်းသည့်အပြင် တရားဥပဒေနှင့်အညီ ကာယကံရှင်များ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ထိန်းသိမ်းကြောင်း ဖြေကြားခဲ့ ပါသည်။