ရှီကျင့်ဖိန် သည် “ပါလက်စတိုင်းပြည်သူများနှင့် အပြည်ပြည်ဆိုင်ရာသွေးစည်းညီညွတ်ရေး နေ့” အထိမ်းအမှတ်အစည်းအဝေးထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2023-11-30 12:51:22  

 နိုဝင်ဘာလ ၂၉ရက်နေ့က ကုလသမဂ္ဂသည် “ပါလက်စတိုင်းပြည်သူများနှင့် အပြည်ပြည်ဆိုင်ရာသွေးစည်းညီညွတ်ရေးနေ့” အထိမ်းအမှတ်အစည်းအဝေးကို ကျင်းပခဲ့ရာ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် အစည်းအဝေးထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။
   ယင်းသဝဏ်လွှာတွင် ပါလက်စတိုင်းပြဿနာသည် အရှေ့အလယ်ပိုင်းပြဿနာ၏ သော့ချက် ဖြစ်ပြီး နိုင်ငံတကာတရားမျှတမှုနှင့် သက်ဆိုင်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းသည် အရေးတကြီး လုပ်ဆောင်ရမည် ဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီသည် ၄င်း၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်သင့်ကြောင်း၊ အပစ်အခတ်ရပ်စဲရေးကို အားသွန်ခွန်စိုက် တွန်းအားပေးပြီး အရပ်သူအရပ်သားများ၏ ဘေးကင်းလုံခြုံရေးကို ကာကွယ်ထိန်းသိမ်းကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ်များကို တားဆီးသင့်ကြောင်း၊ ယင်းအခြေခံပေါ်တွင် ပါလက်စတိုင်း- အစ္စရေးအကြား ဆွေးနွေးပွဲကို အမြန်ဆုံး ပြန်လည် ကျင်းပပြီး ပါလက်စတိုင်းပြည်သူများ၏ နိုင်ငံတော်ဖွဲ့စည်းတည်ထောင်ခွင့်၊ နေထိုင်ခွင့်နှင့် ဇာတိမြေ ပြန်ရောက်ခွင့်များကို အမြန်ဆုံးအကောင်အထည်ဖော်ရန် လိုကြောင်း ဖော်ပြထားပါသည်။
    တရုတ်နိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ ဆက်လက်ကြိုးပမ်းဆောင်ရွက် ပြီး နိုင်ငံတကာသဘောတူညီမှုများကို စုစည်းကာ ပါလက်စတိုင်းပြဿနာကို “နှစ်နိုင်ငံ ဖြေရှင်းနည်း”ဟူသော မှန်ကန်သော လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိစေ၍ ပါလက်စတိုင်းပြဿနာကို ဘက်ပေါင်းစုံ၊ တရားမျှတစွာ၊ ရေရှည်ကိုင်တွယ်ဖြေရှင်းစေမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။