Ding Xuexiang သည် ကာဇက်စတန်နိုင်ငံသို့ လှည့်လည်ပြီး တရုတ်-ကာဇက်စတန် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ၁၁ ကြိမ်မြောက် အစည်းအဝေးကို ကြီးမှူးကျင်းပ

(GMT+08:00)2023-11-30 15:07:06  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် Ding Xuexiang သည် နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကာဇက်စတန်နိုင်ငံသို့ ခရီးလှည့်လည်ပြီး၊ ကာဇက်စတန်နိုင်ငံသမ္မတ တိုကာယက်ဗ်၊ ဝန်ကြီးချုပ် ဆမေးလော့ဗ်တို့နှင့် အသီးသီးတွေ့ဆုံကာ၊ ဒုတိယဝန်ကြီးချုပ် -၁ စကလီယာလ်နှင့် တွေ့ဆုံဆွေးနွေး၍ တရုတ်-ကာဇက်စတန် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ၁၁ ကြိမ်မြောက် အစည်းအဝေးကို ပူးတွဲကြီးမှူးကျင်းပခဲ့ပါသည်။

သမ္မတ တိုကာယက်ဗ်နှင့် တွေ့ဆုံစဉ် Ding Xuexiang က သမ္မတ ရှီကျင့်ဖိန်နှင့်  အဆွေတော်သမ္မတတို့၏ ကိုယ်တိုင်ကိုယ်ကျ စီမံကိန်းနှင့် လမ်းညွှန်မှုအရ၊ တရုတ်နှင့် ကာဇက်စတန်နှစ်နိုင်ငံတို့သည် အစဉ်ထဝရ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှုကို တည်ထောင်ပြီး နှစ်ဖက်ကံကြမ္မာတူအသိုက်အဝန်းကို ရှေ့ဆောင်ထူထောင် ကာ၊ လူသား ကံကြမ္မာတူအသိုက်အဝန်းတည်ဆောက်မှု တွန်းအားပေးရေးတွင် ရှေ့တန်း၌ ရှိနေကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။