ဂါဇာဒေသတွင် အိုးမဲ့အိမ်မဲ့ဖြစ်နေရသူ ၁.၈ သန်းထက်မနည်း ရှိသည်ဟု ကုလသမဂ္ဂ သက်ဆိုင်ရာအဖွဲ့အစည်း ဆို

(GMT+08:00)2023-11-30 12:16:09  

ဒေသစံတော်ချိန် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ နောက်ဆုံးထုတ်အစီရင်ခံစာမှာ လက်ရှိ၌ ဂါဇာဒေသသို့ ဝင်ရောက်သည့် လူသားချင်းစာနာထောက်ထားမှု ကယ်ဆယ်ရေး ပစ္စည်းများသည် ဂါဇာဒေသ၏ ကြီးမားသော လိုအပ်ချက်ကို ဖြည့်ဆည်းရန် မလုံလောက် ကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အသက်ရှုလမ်းကြောင်းရောဂါ၊ အရေပြားကူးစက်ရောဂါ စသည့် ကူးစက်ရောဂါများနှင့် ကျန်းမာရေးအခြေအနေ ဆိုးရွားလာမှုသည် ဂါဇာဒေသတွင် တိုးများလာကြောင်း၊ အောက်တိုဘာလ ၇ ရက်နေ့ ပါလက်စတိုင်း-အစ္စရေးပဋိပက္ခ အသစ်တစ်ကြိမ် ဖြစ်ပွားလာပြီးနောက် ဂါဇာဒေသတွင် အိုးမဲ့အိမ်မဲ့ဖြစ်နေရသူ ၁.၈ သန်းခန့်ထက်မနည်း ရှိပြီး ဂါဇာဒေသလူဦးရေ၏ ရာခိုင်နှုန်း ၈၀ ခန့်ရှိကြောင်း ဖော်ပြထားပါသည်။