ဟားမတ်စ်သည် ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို ၄ ရက်သက်တမ်း ထပ်တိုးလို

(GMT+08:00)2023-11-30 12:16:39  

ဟားမတ်စ်အဖွဲ့သည် ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို ၄ ရက် သက်တမ်းထပ်တိုး လိုကြောင်း ဟားမတ်စ်အဖွဲ့၏ သတင်းအရင်းအမြစ်အရ AFP သတင်းဌာနက နိုဝင်ဘာလ ၂၉ ရက်နေ့က ဖော်ပြခဲ့ပါသည်။

ဟားမတ်စ်အဖွဲ့သည် အဆိုပါကာလအတွင်း အခြားခုခံရေးလှုပ်ရှားမှု သို့မဟုတ် အဖွဲ့အစည်းများက ဖမ်းဆီးထားသည့် အစ္စရေးနိုင်ငံသားများကို ဂါဇာဒေသမှ လွှတ်ပေးနိုင်ကြောင်း ကြားဝင်ဖြန်ဖြေသူသို့ အကြောင်းကြားလိုက်ပြီ ဖြစ်ပါသည်။ အစ္စရေးဘက်ကမူ ယင်းနှင့်စပ်လျဉ်း၍ တုံ့ပြန်မှုမရှိသေး‌ကြောင်း သတင်းရရှိပါသည်။