မြန်မာနိုင်ငံ သက်ဆိုင်ရာ ဘက်အသီးသီးတို့ အနေနှင့် အပစ်အခတ် အမြန်ဆုံး ရပ်စဲပြီး တရုတ်နှင့် မြန်မာ နယ်စပ်ဒေသ လုံခြုံတည်ငြိမ်မှုကို အာမခံပေးရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2023-11-29 14:46:59  

 နိုဝင်ဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့သည့် ပုံမှန် သတင်းစာ ရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ ပဋိပက္ခများနှင့် ပတ်သက်သော သတင်းထောက်၏ မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဖြေကြားရာတွင် မိမိတို့သည် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ ပဋိပက္ခ အခြေအနေများကို များစွာ အာရုံ စူးစိုက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ သက်ဆိုင်ရာ ဘက်အသီးသီးတို့ အနေနှင့် အပစ်အခတ် အမြန်ဆုံး ရပ်စဲပြီး တိုင်ပင်ဆွေးနွေးသောနည်းလမ်း၊ ငြိမ်းချမ်းသော နည်းလမ်းများဖြင့် အငြင်းပွားမှုများကို ဖြေရှင်းရန်၊ အခြေအနေ ပိုမပြင်းထန်စေဖို့ ရှောင်ရှားရန်၊ ထိရောက်သော ဆောင်ရွက်ချက်များဖြင့် တရုတ်နှင့် မြန်မာ နယ်စပ်ဒေသ လုံခြုံတည်ငြိမ်မှုကို အာမခံပေးရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။