အစ္စရေးသည် ပါလက်စတိုင်းမှဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးသော ပဉ္စမအသုတ်ကို လက်ခံပြီး ပါလက်စတိုင်းနိုင်ငံသား အယောက် ၃၀ ပြန်လွှတ်ပေး

(GMT+08:00)2023-11-29 15:06:30  

 ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့မှ ပြန်လွှတ်ပေးသော ပဉ္စမ အသုတ် ဖမ်းဆီးထားသူ စုစုပေါင်း ၁၂ဦးကို လက်ခံခဲ့ပြီ ဖြစ်ကြောင်း  အစ္စရေးစစ်ဘက်က နိုဝင်ဘာလ ၂၈ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထိုနေ့တွင် ပါလက်စတိုင်းရုပ်မြင်သံကြားဌာနက အစ္စရေးနိုင်ငံသည် ၂၈ရက်နေ့ညက ဖမ်းဆီးထားသော ပါလက်စတိုင်းနိုင်ငံသား အယောက် ၃၀ ကို ပြန်လွှတ်ပေးခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။
    အစ္စရေးနိုင်ငံအနေဖြင့် ပါလက်စတိုင်းဟားမတ်စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်၏ သက်တမ်းကို ၁၀ရက်ကျော်အထိ တိုးပေးရန် စဉ်းစားနေသည်ဟု အစိုးရအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အစ္စရေး YEDIOTHAHRONOTH သတင်းစာက ၂၈ရက်နေ့မှာ ရေးသားဖော်ပြခဲ့ပါသည်။
    အစ္စရေးနိုင်ငံလုံခြုံရေးဝန်ကြီး Itamar Ben-Gvir က အစ္စရေးနိုင်ငံသည် ဟားမတ်စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲလျှင် မိမိဦးဆောင်သော ပါတီသည် အစိုးရမှ နုတ်ထွက်မည် ဖြစ်ကြောင်း ၂၈ရက်နေ့က တုံ့ပြန်ပြောကြားခဲ့ပါသည်။