ဂျပန်နိုင်ငံ ဖူကူရှီးမား နျူကလီးယား ညစ်ညမ်းရေများ ပင်လယ်ထဲသို့ စွန့်ပစ်ခြင်းသည် လူသားတစ်ရပ်လုံး၏ ကျန်းမာရေးနှင့် သက်ဆိုင်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2023-11-29 15:12:20  

နိုဝင်ဘာလ ၂၈ ရက်နေ့ကကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ဖူကူရှီးမား နျူကလီးယား ညစ်ညမ်းရေ ပင်လယ်ထဲသို့ စွန့်ပစ်ခဲ့ပြီး ၃ လအကြာတွင် တိုကျို လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီသည် ဂျပန်ပြည်တွင်းရှိ ညစ်ညမ်းရေ ပင်လယ်ထဲသို့ စွန့်ပစ်ခြင်းမှ ထိခိုက်မှုခံရသူများအား ဆုံးရှုံးမှုသတ်မှတ်ခြင်းနှင့် လျော်ကြေးပေးခြင်းကို မကြာသေးမီက စတင်လုပ်ဆောင်ခဲ့ပြီး၊  ယင်းနှင့်ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ၏ မှတ်ချက် ဘယ်လိုလဲ ဟု သတင်းထောက်က မေးမြန်းခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဖူကူရှီးမား နျူကလီးယားညစ်ညမ်းရေ ပင်လယ်ထဲသို့ စွန့်ပစ်ခြင်းသည် လူသားတစ်ရပ်လုံး၏ ကျန်းမာရေးနှင့် သက်ဆိုင် ကြောင်း၊  ဂျပန်နိုင်ငံအနေနှင့် သက်ဆိုင်ရာဘက်များနှင့် ရိုးသားစွာ တိုင်ပင်ဆွေးနွေးပြီး နျူကလီးယားညစ်ညမ်းရေပင်လယ်ထဲသို့ စွန့်ပစ်ခြင်းမှ နောက်ပြန်မဆုတ်နိုင်သော အကျိုးဆက်များ တားဆီးရန်၊ ဘက်စုံ ထိရောက်သော ရေရှည်ကြီးကြပ်ရေးစနစ်ကို အမြန်ဆုံးတည်ထောင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။