လီချန်သည် ပထမအကြိမ် တရုတ် နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် ဖွံ့ဖြိုးရေး ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

(GMT+08:00)2023-11-29 15:05:41  

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်သည် နိုဝင်ဘာလ ၂၈ရက်နေ့က တရုတ်နိုင်ငံ ဘေကျင်းမြို့တွင် ကျင်းပသော ပထမအကြိမ် တရုတ်နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် ဖွံ့ဖြိုးရေး ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားနှင့် တစ်ကမ္ဘာလုံး ထောက်ပံ့ရေးကွင်းဆက် တီထွင်ဆန်းသစ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်သို့ တက်ရောက် ပြီး အဓိကမိန့်ခွန်းပြောကြားခဲ့ပါသည်။
    ဝန်ကြီးချုပ် လီချန်က တရုတ်နိုင်ငံသည် ထောက်ပံ့ရေးကွင်းဆက် ဖွံ့ဖြိုးရေး ကုန်စည်ပြပွဲ ကျင်းပရန် ရည်ရွယ်ချက်မှာ ခေတ်ရေစီးကြောင်းနှင့်အညီ ဘက်အသီးသီးတို့မှ ဆက်သွယ်ရေးကို အားသစ်လောင်းပေးရန်၊ ပူးပေါင်းဆောင်ရွက်ရေးကို နက်ရှိုင်းစေရန်၊ ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွရှာကြံရန် နိုင်ငံတကာဖလက်ဖောင်းတစ်ခုကို ဖန်တီးပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
    ဝန်ကြီးချုပ် လီချန်က တရုတ်နိုင်ငံသည် ဘက်အသီးသီးတို့နှင့်အတူ တစ်ကမ္ဘာလုံး ထုတ်လုပ်ရေးကွင်းဆက်နှင့်ထောက်ပံ့ရေးကွင်းဆက်ကို ရေရှည်ခိုင်မာမှု ပိုမိုရှိစွာ၊ အကျိုး သက်ရောက်မှု ပိုမိုရှိစွာ၊ ရှင်သန်မှု ပိုမိုရှိစွာ တည်ဆောက်ပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန်နှင့် တစ်ကမ္ဘာလုံးဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး အတွက် ပိုမိုများပြားစွာ အကျိုးပြုစွမ်းဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
    ဝန်ကြီးချုပ် လီချန်သည် ထုတ်လုပ်ရေးကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးနှင့်ပတ်သက်သော အဆိုပြုချက် ၄ရပ်ကို ဖော်ပြခဲ့ပါသည်။ ပထမအချက်မှာ လုံခြုံပြီး တည်ငြိမ်သော ထုတ်လုပ်ရေးကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် အတူတကွတည်ဆောက်ခြင်း ဖြစ်ပါသည်။ ဒုတိယအချက်မှာ အဆင်ပြေပြီး ထိရောက်သော ထုတ်လုပ်ရေးကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် အတူတကွတည်ဆောက်ခြင်း ဖြစ်ပါသည်။ တတိယအချက်မှာ တံခါးဖွင့်ပြီး အားလုံး ပါဝင်နိုင်သော ထုတ်လုပ်ရေးကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် အတူတကွ တည်ဆောက်ခြင်း ဖြစ်ပါသည်။ စတုတ္ထအချက်မှာ အပြန်အလှန်အကျိုးရရှိစေသော ထုတ်လုပ်ရေးကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် အတူတကွတည်ဆောက်ခြင်း ဖြစ်ပါသည်။
    ယင်းဖွင့်ပွဲအခမ်းအနားတွင် အင်ဒိုနီးရှားနိုင်ငံသမ္မတ Joko Widodo ၊ ဥရုဂွေးနိုင်ငံသမ္မတ Luis Lacalle Pou ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဒါရိုက်တာချုပ် Ngozi Okonjo-Iweala နှင့် ကုလသမဂ္ဂ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးညီလာခံအတွင်းရေးမှူးချုပ် Rebeca Grynspan တို့ ဗီဒီယိုမိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။