အိန္ဒိယနိုင်ငံ ဥမင်လိုဏ်ခေါင်းပြိုကျပြီး ၁၇ ရက်အကြာတွင် ပိတ်မိနေသော အလုပ်သမားများကို တွေ့ရှိ

(GMT+08:00)2023-11-29 15:07:32  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၈ရက်နေ့က ရိုက်တာမှ သတင်းအရ အိန္ဒိယ ကယ်ဆယ်ရေးသမားများသည် ဟိမဝန္တာတောင်တန်း၌ ပြိုကျခဲ့သောဥမင်လိုဏ်ခေါင်းတစ်ခုတွင် ၁၇ ရက်ကြာပိတ်မိနေသော အလုပ်သမား ၄၁ ဦးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့ကို ကယ်ဆယ်၍ လုံခြုံသောနေရာသို့ သယ်ဆောင်သွားကြောင်း သတင်းအရ သိရပါသည်။

အဆိုပါအလုပ်သမားများသည် အိန္ဒိယနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်တစ်ခုမှ လာကြကြောင်း၊ နိုဝင်ဘာလ ၁၂ ရက်နေ့က မြောက်အာခန်တယ်ပြည်နယ်တွင်  ကီလိုမီတာ၄.၅ အရှည်ရှိ ဥမင်လိုဏ်ခေါင်းတစ်ခု ပြိုကျပြီးကတည်းက ပိတ်မိနေကြကြောင်း သတင်းအရ သိရပါသည်။